ရဟန်းအပါး ၂ သိန်းကျော် မြှုပ်နှံထားတဲ့ ရှေးဟောင်းသင်္ချိုင်းကြီး

ရဟန်းအပါး ၂ သိန်းကျော် မြှုပ်နှံထားတဲ့ ရှေးဟောင်းသင်္ချိုင်းကြီး ဒီသင်္ချိုင်းကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့တောင်ပိုင်းက ဝါကာယမစီရင်စုထဲမှာ တည်ရှိတဲ့ အိုကူနိုအင် (Okunoin) သင်္ချိုင်းဖြစ်ပါတယ်။ Koya မြို့အနီး တောင်ပေါ်က တောအုပ်ထဲမှာ ရှိနေပြီး ဒီနေရာမှာ ဘုရားကျောင်းတွေအဖြစ် စတင်တည်ထောင်ခဲ့သူကတော့ ရှင်ဂွန်ဗုဒ္ဓဘာသာ တည်ထောင်သူ ဘုန်းတော်ကြီး ကိုဗိုဒါရှီ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ကိုဗိုဒါရှီဟာ Koyasan နယ်မြေကို ရှင်ဂွန်းဗုဒ္ဓဘာသာ စတင်ခဲ့ရာနေရာအဖြစ် အေဒီ ၈၁၆ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ရှေးဟောင်း ဘုရားကျောင်းဆောင်ပေါင်း ၁၂၀ ခန့်ရှိနေပါတယ်။ အေဒီ ၈၃၅ မှာ ပျံလွန်တော်မှုခဲ့တဲ့ ဘုန်းတော်ကြီး ကိုဗိုဒါရှီက စလို့ အစဉ်အဆက် ဘုန်းတော်ကြီးတွေ မြုပ်နှံခဲ့ရာ အိုကူနိုအင် သင်္ချိုင်းဟာ ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး နဲ့ […]

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]

“မြန်မာနိုင်ငံ တိုင်းရင်းဆေး သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ သူရိယ”

“မြန်မာနိုင်ငံ တိုင်းရင်းဆေး သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ သူရိယ” သူရိယကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက “စိန်ဘယက်” ကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည်အဝရရှိထားတဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်မြားစွာကို ပါဝင်ရိုက်ကူးနေတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ သူရိယက သူရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ချပြထားပြီး (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ သူတို့ချစ်သူနှစ်ဦးရဲ့ စေ့စပ်မင်္ဂလာပွဲကို ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်အဝရှိပြီး ပျော်ရွှင်သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက Idol Coupleအဖြစ်သတ်မှတ်ခြင်းကို ခံရတဲ့ အတွဲလေးတစ်တွဲလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ သူရိယဟာ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်စာအုပ် မိတ်ဆက်ပွဲနှင့် တိုင်းရင်းဆေး […]

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]

မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်အနှံ့ မိုးဆက်ကြီးနိုင်

မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်အနှံ့ မိုးဆက်ကြီးနိုင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက်မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ မနက်ဖြန်မနက်ပိုင်းထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် မြန်မာနိုင်ငံအနှံ့အပြားမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ သြဂုတ်လ (၂၀)ရက်နေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မနက်ဖြန်မနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်ကျားမိုးရွာနိုင်ပြီး နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သလို ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။ နောက်(၂)ရက်အတွင်းမှာလည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနိုင်တယ်လို့သိရပါတယ်။ မနက်ဖြန် မနက်ပိုင်းအထိ နေပြည်တော်မှာ […]


ယနေ့ နေ့လည် ၁ နာရီ မှ ဖွင့်လှစ်ထားသော ဂုတ်တွင်းတံတားအား တံတားကြံ့ခိုင်မှုစစ်ဆေးရန် ခေတ္တပိတ်မည် ဂုတ်တွင်း ယာယီဘေလီတံတားတွင်ယနေ့ နေ့ခင်း(၁၃:၀၀)အချိန်မှ စတင်၍အိမ်စီးယာဉ်ငယ်များ ၊ ကုန်ကားလတ်များ အားနောင်ချို ဘက်မှ ကျောက်မဲ ဘက်သို့ဖြတ်သန်းခွင့်ပြုလျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်ဖော်ပြထားသည်။ ကျောက်မဲ ဘက်မှ လူစီးယာဉ်ငယ်နှင့်ကုန်ကားလတ် အချို့ ဖြတ်သန်းပြီးပါကတံတား ကြံ့ခိုင်မှုအတွက်ဘေလီသံဘောင် ချုပ်တန်းများ နှင့် အထိုင်များပြန်လည် စစ်ဆေးရန်တံတားအား ခေတ္တပိတ်မည် ဖြစ်ပါသည်။ တံတား ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ပြီးပါကယနေ့ ညနေပိုင်းတွင်မော်တော်ယာဉ်များ အားပြန်လည် ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပါကြောင်းကြိုတင် အသိပေးအပ်ပါသည်။ Credit: ယနေ့ နေ့လည် ၁ နာရီ မှ ဖွင့်လှစ်ထားသော ဂုတ်တွင်းတံတားအား တံတားကြံ့ခိုင်မှုစစ်ဆေးရန် ခေတ္တပိတ်မည် ဂုတ်တွင်း ယာယီဘေလီတံတားတွင်ယနေ့ နေ့ခင်း(၁၃:၀၀)အချိန်မှ စတင်၍အိမ်စီးယာဉ်ငယ်များ […]

ဒဏ်ရာရနေတဲ့ရွာသားအချို့ကို အလံဖြူထောင်ပြီး သွားကယ်တဲ့ ပရဟိတကား သေနတ်နဲ့ ပစ်ခတ်ခံရ

ဒဏ်ရာရနေတဲ့ရွာသားအချို့ကို အလံဖြူထောင်ပြီး သွားကယ်တဲ့ ပရဟိတကား သေနတ်နဲ့ ပစ်ခတ်ခံရ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားတိုက်ပွဲတွေအကြား ဖားဖိန်ရွာနဲ့ ကုံးစုံရွာက ကျည်ဆံထိမှန်ခံရပြီး ပိတ်မိနေ တဲ့ တောင်သူ ၂ ဦးကို ကယ်ထုတ်ဖို့ အလံဖြူထောင်ပြီးသွားရောက်ခဲ့တဲ့ အသင်းကားတွေကို သေနတ်နဲ့ အချက်များစွာအပစ်ခံရလို့ ပြန်လှည့်လာရတယ်လို့ ကရုကာလူမှုကူညီရေးအသင်း ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဦးသောင်းထွန်းက ဘီဘီစီကို ဒီကနေ့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်မှာ ပြောပါတယ်။ ‘‘ ခိုမုန်းဘက်ကအထွက်မှာ ကုသဖို့ လိုအပ်နေလို့ ဒဏ်ရာရသူတွေဆက်သွယ်လို့ အသင်းကား ၃စီးနဲ့ စောနကသွားတာ။ သေနတ်နဲ့ လှမ်းပစ်လို့ ပြန်လှည့်လာရတယ်။ ပစ်တာအချက်ရေလည်းများတယ်။ သွားကယ်လို့ မရဘူး’’လို့ ဦးသောင်းထွန်းကပြောပြပါတယ်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်း-မန်လွယ်-နမ့်ခိုင်တံတား အကြား ပြည်ထောင်စုလမ်းမပေါ်မှာလည်း မော်တော် ယာဉ်အချို့ပိတ်မိနေတာ ၃ရက်နေကျော်ကြာလာပြီဖြစ်ပြီး […]

သက်ထားသူဇာ ကမ္ဘာ့အဆင့် အဆင့် ၇၀ အထိ မြင့်တက်လာပြီး စက်တင်ဘာလမှစ၍ ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်သွားမည်

သက်ထားသူဇာ ကမ္ဘာ့အဆင့် အဆင့် ၇၀ အထိ မြင့်တက်လာပြီး စက်တင်ဘာလမှစ၍ ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်သွားမည် မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ယနေ့(သြဂုတ်လ ၂၀ရက်)တွင် နောက်ဆုံးထုတ်ပြန်လိုက်သည့် အဆင့်သတ်မှတ်ချက်၌ အဆင့် ၇၃ မှ အဆင့် ၇၀ သို့ မြင့်တက်လာကြောင်းသိရသည်။ သက်ထားသူဇာသည် သြဂုတ်လ ၁၂ရက်မှ ၁၅ရက်ထိ ကျင်းပခဲ့သော ဘူဂေးရီးယား အင်တာနေရှင်နယ်စီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပြီး ရမှတ် ၄၅၀ မှတ် ရရှိခဲ့သောကြောင့် ယခင်ရမှတ် ၂၁၆၀၀ မှတ်မှ ၂၂၀၅၀ အထိ တိုးလာခဲ့ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က အဆင့်သတ်မှတ်ချက်များကို တစ်ပတ်တစ်ကြိမ်ထုတ်ပြန်ပေးနေပြီး ယင်းအတောအတွင်း၌ ပြိုင်ပွဲများယှဉ်ပြိုင်၍ ရမှတ်များစုဆောင်းနိုင်သည့် ကစားသမားများက အဆင့်သတ်မှတ်ချက် […]

ကျွန်း ရေမမြှုပ်ရေး ကာကွယ်ရန် ဒေါ်လာ ဘီလျံတစ်ရာ၊ အချိန် နှစ်ပေါင်းတစ်ရာ ရင်းနှီးထည့်ဝင်ရနိုင်ဟု စင်္ကာပူဝန်ကြီးချုပ် ပြော

ကျွန်း ရေမမြှုပ်ရေး ကာကွယ်ရန် ဒေါ်လာ ဘီလျံတစ်ရာ၊ အချိန် နှစ်ပေါင်းတစ်ရာ ရင်းနှီးထည့်ဝင်ရနိုင်ဟု စင်္ကာပူဝန်ကြီးချုပ် ပြော ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကျွန်းနိုင်ငံ ပျောက်ကွယ်သွားမယ့် အန္တရာယ်မှ ကာကွယ် ဖော်ဆောင်ရာမှာ ဒေါ်လာ ဘီလျံတစ်ရာခန့် ကုန်ကျနိုင်ကြောင်း စင်္ကာပူဝန်ကြီးချုပ်က ပြောကြား လိုက်ပါတယ်။ သြဂုတ် ၁၉ ရက် အမျိုးသားနေ့စုဝေးပွဲ မိန့်ခွန်းမှာ ဝန်ကြီးချုပ် လီရှန်လုံးက ကျွန်း ရေမြုပ်သွားနိုင်မှု အန္တရာယ်အကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ကြိုတင်ကာကွယ်ရေးမှာ စင်္ကာပူဒေါ်လာ ဘီလျံ ၁၀၀ ကျော်နဲ့ အချိန် နှစ် ၁၀၀ ကျော် ကုန်ကျ၊ ကြာမြင့်နိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကာကွယ်ရေးနည်းလမ်းများအတွက် ကျွန်းပတ်လည် တမံတုတ်ပြီး မြေကွက်ဖော်ခြင်း နည်းလမ်း သို့မဟုတ် အနီးအနား ကျွန်းတွေသို့ ဒီရေထိန်းတမံတွေ […]


ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓါးထိုးခံရ၊ အခြေအနေစိုးရိမ်ရ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဟာ သြဂုတ်လ ၁၉ ရက် ဒီနေည ၆ နာရီ မိနစ် ၃၀ မှာ ဓါးထိုးခံရလို့ ကျောက်တော်ဆေးရုံးကို အရေးပေါ်တင်ထားရပြီးအခြေအနေစိုးရိမ်ရတယ်လို့ အမည်မဖော်လိုသူရဲအရာရှိတဦးကဒီဗွီဘီကို ပြောဆိုပါတယ်။ ကျောက်တော်မြို့ မြို့မသင်္ဘောဆိပ် ကမ်းနားလမ်း ဆိပ်ကမ်းရုံးနားမှာ အမည်မသိ လူတယောက်က လာရောက်ဓါးနဲ့ထိုးခဲ့တာခဲ့ ဓါးဒဏ်ရာသုံးချက်နဲ့ ကျောက်တော်ဆေးရုံးမှာ လက်ရှိအချိန်အထိ သတိမရသေးဘူးလို့ရဲအရာရှိကဆိုပါတယ်။ ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ဓါးထိုးခံရတဲ့ဒဏ်ရာပြင်းထန်းတာကြောင့် ကျောက်တော်ဆေးရုံးကနေ စစ်တွေဆေးရုံကို ယူဆောင်လာဖို့ပြင်ဆင်နေတယ်လို့ အဲဒီ့ရဲအရာရှိက ဒီကနေ့ ညပိုင်းမှာ ဒီဗွီဘီကိုပြောပါတယ်။ လက်ရှိ ကျောက်တော်ဆေးရုံးမှာ ရဲတပ်ဖွဲ့ဝင်တွေအပြည့်ချထားတယ်လို့သိရပါတယ်။ Credit:dvb ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓါးထိုးခံရ၊ အခြေအနေစိုးရိမ်ရ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဟာ သြဂုတ်လ […]