.အောင်သူ့အခြေအနေကို ပြောပြလာတဲ့ ကျော်ကိုကို

အောင်သူ့အခြေအနေကို ပြောပြလာတဲ့ ကျော်ကိုကို

အောင်သူရဲ့ ကလပ်မူထောင်နဲ့ ကျော်ကိုကိုရဲ့ ကလပ် ဆာာမတ်ပရာကန်တို့ ကစားခဲ့တဲ့ ထိုင်းလိဂ်(၁)ပွဲစဉ် အပြီးမှာ ကျော်ကိုကိုက အောင်သူကိုသွားရောက်အားပေးနှစ်သိမ့်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းလိဂ်(၁)ကလပ် မူထောင်အသင်းမှာ ပုံမှန်နေရာ ပျောက်ဆုံးနေပြီး ခြေစွမ်းပိုင်းကျဆင်းနေတဲ့ အောင်သူနဲ့ ပတ်သက်ပြီး ဆာမတ်ပရာကန်အသင်းမှာကစားနေတဲ့မြန်မာ့လက်ရွေးစင် တိုစစ်မှူး ကျော်ကိုကိုက Duwun Sportsက တဆင့် အခုလိုပဲ အားပေးစကားပြောခဲ့ပါတယ်။

“ ဟိုနေ့က ပွဲပြီးတော့ ကျွန်တော်အောင်သူနဲ့တွေ့ဖြစ်တယ်၊စကားတွေလည်း အများကြီးပြောဖြစ်တယ်။ အားပေးစကားတွေလည်း ပြောဖြစ်တယ်၊ အဓိက ပြသနာတစ်ခုကိုသိလိုက်ရတာက သူကစားချင်တဲ့ နေရာ မကစားရဘူးဖြစ်နေတယ်လို့သိရတယ်။ ဒါကြောင့် စိတ်ကြိုက် မကစားနိုင်ဘူးဖြစ်နေတယ်၊ နောက်ပိုင်းကျတော့ နည်းပြနဲ့အံမဝင်တော့ဘူးလို့ ပြောရမှာပေါ့၊ အသင်းတစ်သင်းနဲ့တစ်သင်းဖြတ်သန်းရပုံကတော့ မတူဘူးပေါ့၊မနှစ် ကPolice Teroအသင်းမှာက မိသားစုဆန်တယ်၊ အစစအရာရာ လိုလေသေးမရှိသူ့ကို ပံ့ပိုးတယ်၊သူပြောသမျှ လုပ်သမျှအဆင်ပြေခဲ့တယ်၊အခုမူထောင်မှာတော့ ပရော်ဖက်ရှင်နယ်ပဲ သူလုပ်နိုင်မှ သူရမယ်လို့ထင်တယ်။သူ ကအရင်ကတည်းက အနေအထိုင်အေးတဲ့သူဖြစ်တာကြောင့် သူနေတတ်သလိုနေတာပါပဲ၊သူ့ရဲ့ အပြုအမူ ကြောင့်လို့တော့ ကျွန်တော်ကတော့ မထင်ပါဘူး၊သူ့ကို ကျွန်တော်ပြောခဲ့တယ် ကိုယ့်အရည်အချင်းကို ကိုယ်သိ တာပဲ ကိုယ့်ကိုယ်ကို အကောင်းဆုံးပြန်မြှင့်တယ်မယ်ဆိုရင် အကောင်းဆုံး ဖြစ်လာမှာပါလို့ ကျွန်တော် အားပေး စကားပြောခဲ့ပါတယ်။ ” လို့ ကျော်ကိုကို Duwun Sportsကို အောင်သူနဲ့ပတ်သက်ပြီး အွန်လိုင်းက တဆင့် ပြောပြလာပါတယ်။

အောင်သူအနေနဲ့ မနှစ်က ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းမှာ တစ်ရာသီကြာ ကစားခဲ့ပြီး သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်မှုကြောင့် ဒီနှစ်မှာတော့ ထိုင်းလိဂ်(၁)ရဲ့ အသင်းကြီး စာရင်းဝင် မူထောင်းအသင်း ကအောင်သူကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူထားတာလို့လည်း သိထားရပါတယ်။

လက်ရှိမူထောင်းအသင်းရဲ့ နည်းပြ စတင်တာဝန်ယူခဲ့တဲ့ ပထမဆုံးပွဲမှာတော့အောင်သူ ပွဲထွက်ခွင့်ထိ ရခဲ့ပြီး နည်းပြရဲ့ မျှော်လင့်ချက်ကိုရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ အရန်ကစားသမားအဖြစ်တောင်  ပါဝင်ခွင့်မရတော့တာ ဖြစ်ပါတယ်။

ကျော်ကိုကိုနဲ့ အောင်သူကတော့ ပြီးခဲ့တဲ့ မူထောင်နဲ့ဆာမတ်ပရာကန်တို့ ကစားခဲ့ကြတဲ့ ထိုင်းလိဂ်(၁) ပွဲစဉ်မှာ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲမှာ ကျော်ကိုကိုက ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် အောင်သူကတော့ အရန်က စားသမားအဖြစ်တောင် ပါဝင်ခွင့်မရခဲ့တာပါ။

Credit

Leave a Reply

Your email address will not be published. Required fields are marked *