.အောင်လအန်ဆိုင်းဆီက ခွန်အားယူရတဲ့ အရာတွေရှိတယ်ဆိုတဲ့ အောန်ဆိုင်း

အောင်လအန်ဆိုင်းဆီက ခွန်အားယူရတဲ့ အရာတွေရှိတယ်ဆိုတဲ့ အောန်ဆိုင်း

အောန်ဆိုင်းဟာ ကမ္ဘာကျော်အားကစားသမားတစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံသားတစ်ဦးလည်းဖြစ်တဲ့ One Championship ခါးပတ် ပိုင်ဆိုင်ထားသူ အောင်လအန်ဆိုင်းကို လေးစားရတဲ့အကြောင်းတွေ ပြောပြထားပါတယ်။

အားကစားပွဲတိုင်းကို အမြဲအားပေးလေ့ရှိတဲ့ အောန်ဆိုင်းက သူမကိုယ်တိုင် ဂုဏ်ယူလေးစားရတဲ့ ပုဂ္ဂိုလ်အကြောင်းပြောပြလာပါတယ်။ သူကတော့ အောင်လအန်ဆိုင်းဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အားကစားဆိုရင်တော့ အောန်ဆိုင်းက ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံမှာ ဂုဏ်ယူရမယ့် အားကစားက အရမ်းရှားတယ်။ အဓိက က အောင်လ ဆိုတာ သိလည်းသိတယ်၊ ကိုယ့်လူမျိုးလည်း ဖြစ်နေတယ်၊ ဂုဏ်လည်း ဂုဏ်ယူတဲ့ အခါကျတော့ ကိုယ်အဆင်ပြေတဲ့ ပွဲတွေဆိုရင် သွားကြည့်ဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

အောန်ဆိုင်းရဲ့ အမြင်မှာတော့ အောင်လအန်ဆိုင်းက အားကစားသမားကောင်းတစ်ဦးဖြစ်တယ်လို့ သုံးသပ်ပြောပြခဲ့ပါတယ်။

‘’ အမှန်အတိုင်းပြောရရင် သူ့ကို အရမ်းလေးစားတယ်။ အားကစားသမားကောင်းလည်းဖြစ်တယ်။ ပြောရရင် အိမ်ထောင်ဦးစီးတစ်ခုမှာ ဖခင်ကောင်းတစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အားကစားပိုင်းဆိုင်ရာ အစစအရာရာ ခံယူချက်ထားရမယ့် အားကစားသမားကောင်းတစ်ယောက်လို့မြင်တယ်။ သူ့ကိုကြည့်ပြီး ခွန်အားယူရတဲ့အရာတွေလည်း အများကြီးပဲ’’ လို့ သူကဆိုပါတယ်။

အောင်လအန်ဆိုင်း ဆီမှာ သူမကိုယ်တိုင် လေးစားအားကျ အတုယူရတဲ့အချက်တွေ အများကြီးရှိတယ်လို့လည်း မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

‘’သူအရမ်းအောင်မြင်တယ်၊ သူ့ဆီမှာ အားလုံးရှိနေတယ်။ သူ့ကိုယ်သူ အရမ်းနှိမ့်ချတယ်။ သူ့အလုပ်အပေါ်မှာ အမြဲတမ်းကြိုးစားတယ်၊ အလုပ်ကိစ္စမဟုတ်ပဲ အပြင်သွားလာတဲ့အခါတွေမှာလည်း တွေ့တဲ့လူတွေကို လေးလေးစားစားဆက်ဆံတဲ့လူတွေ အများကြီးပေါ့နော်။ သူ့ရဲ့ နှလုံးသား၊ သူ့ရဲ့ စိတ်ထားဖြူစင်တဲ့ ပုံစံက လှပတဲ့အရာတွေ အများကြီးမြင်ရတယ်။ အဖက်ဖက်က အများကြီးပါပဲ။ ပြောလို့တောင် ကုန်မှာ မဟုတ်ဘူး’’လို့ ပြောပါတယ်။

အောန်ဆိုင်းက အားကစားဘက်ကိုလည်း ဝါသနာပါသူဖြစ်ပြီး အနုပညာကိုလည်း ဝါသနာပါတာကြောင့် အခုဆိုရင် အောင်မြင်တဲ့ မော်ဒယ်လ် တစ်ယောက်ဖြစ်နေပါပြီ။ သူ့ကိုတော့ လက်ရှိ ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တချို့နဲ့ အတူ တက်သစ်စ မော်ဒယ်လ် တွေရဲ့ အားကျအတုယူခြင်းလည်း ခံရသူတစ်ဦးဖြစ်ပါတယ်။

#DuwunEntertainment

Credit

Leave a Reply

Your email address will not be published. Required fields are marked *