.ဟာသရုပ်ဆောင်ကစ်ကစ် ကွယ်လွန်ဆိုသော သတင်းမဟုတ်မှန်

ဟာသရုပ်ဆောင်ကစ်ကစ် ကွယ်လွန်ဆိုသော သတင်းမဟုတ်မှန်

ကျောက်ကပ်ရောဂါကြောင့်ဆေး ကုသမှုခံယူနေရတဲ့ ဟာသသရုပ် ဆောင်ကစ်ကစ် လက်ရှိတွင် ကျန်းမာရေးအခြေအနေပိုမိုဆိုးဝါးနေသည်ဟု သူမအားကူညီစောင့်ရှောက်ပေးနေ သူ တေးရေးမင်းကိုမှ ပြောသည်။

” အခုလက်ရှိ မကစ်ရဲ့ ကျန်းမာရေးအခြေအနေကလုံးဝမကောင်းဘူးလို့သိရပါတယ်။

မကစ်ကစ်ရဲ့ကျောက်ကပ်က ပျက်စီးနေတာကြောင့် ခါးကနေပြီးရေဖောက် ပေးနေရတယ်။အထဲမှာကျတော့ ရေ နဲ့သွေးတွေက ရောနေတဲ့အတွက် အတွင်းကတော့ ပျက်စီးနေပါပြီ။အချိန်မရွေး အသက်အန္တရာယ် စိုးရိမ် ပါတယ်။ဖြစ်ချင်တော့ ကျွန်တော်က လည်း အခုဖားကန့်မှာ တရားပွဲလုပ်ဖို့ ရောက်နေတဲ့အတွက်မကစ်ကို စောင့် ရှောက်ဖို့က ညီမလေးခင်သဇင် တစ် ယောက်ပဲရှိတယ်။ဒါကြောင့် အနုပညာအသိုင်းအဝိုင်းနဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်နေကြတဲ့ ကျွန်တော့် ရဲ့ မိတ်ဆွေတွေကို မကစ် အတွက် နောက်ဆုံးအနေနဲ့ ကူညီပေးဖို့လှမ်းပြီး တောင်းဆိုနေရတယ်” လို့ တေးရေး မင်းကိုက ပြောပါတယ်။

လက်ရှိတွင် ပရိသတ်များအား ဟာသဇာတ်ရုပ်များနှင့်တင်ဆက်ခဲ့သူ ဟာသ သရုပ်ဆောင်ကစ်ကစ်အား ပရဟိတအဖွဲ့မှစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ဟု သရုပ်ဆောင် ခင်သဇင်ထံမှ သိရသည်။
” အခုတင် ရှုတင်ကအပြန် မကစ်ကို ကျောက်ကပ်ဆေးတာ ဝင်ကြည့်ပြီး ခုတင် ၅၀၀ ကို ပြန်ပို့ပေးခဲ့တာပါ။ အားမာန်ဆိုတဲ့ ပရဟိတအဖွဲ့က ဗဟိုစည်ဆေးရုံ ကနေ ကုတင်၅၀၀ ကို ပြောင်းဖို့အတွက်ကားကူညီပေး တယ်။မကစ်က အစားလည်း မစားသလို စကားလည်းမပြောတော့ ဘူး။ဒီအချိန်က အားလုံးဝိုင်းပြီး ဆု တောင်းပေးကြရမယ့် အချိန်ရောက် နေပါတယ်။ပဌာန်းလေးဖွင့် ပေးမှ မျက်စိပွင့်လာပါတယ်။ဒီည ဆရာမတိုင်းတာတော့ အပေါ်သွေး အောက်သွေး ပုံမှန် နဲ့ နှလုံးခုန်နှုန်း ၈၉ ပါ။ပုံမှန်ပဲလို့တော့ ဆရာဝန်က ပြောပါတယ်။ဒီည ဓာတ်မှန်လည်း ရိုက်ခဲ့ပါတယ်။သွေးအဖြေလည်း ကောင်းပါတယ်။အကြောင်းစုံက တော့ မနက်ဖြန်မှ အဖြေတွေထပ်သိ ရပါမယ်။အားလုံးဝိုင်းဆုတောင်းပေး ကြပါ။ဆုံးပြီလို့ မပြောကြပါနဲ့တော့ နော်။သူပြန်သိလည်း မကောင်းပါဘူး။

အတတ်နိုင်ဆုံးကြိုးစားကုပေးနေပါတယ်။ဝိုင်းဆုတောင်းပေးကြပါ။
သူ့ကို စိတ်မလျော့လိုက်ဖို့ အကြိမ်ကြိမ်မှာခဲ့ပါတယ်။ခေါင်းညိမ့်ရှာပါ တယ်။သူ အားတင်းထားဖို့ပဲမျှော်လင့် ပါတယ်။ဆုတောင်းပေးကြပါနော် ” ဟု ကစ်ကစ်အားစောင့်ရှောက်နေသူ သရုပ်ဆောင်ခင်သဇင်မှ ပြောသည်။

#News Watch

Leave a Reply

Your email address will not be published. Required fields are marked *