ဖိနပ်ယူစီးသည့်ကိစ္စဖြင့် သားအဖချင်း အချင်းများရာမှ သားအရင်းက ဖခင်အားဓားဖြင့်ထိုးမှု မိတ္ထီလာတွင်ဖြစ်ပွား

ဖိနပ်ယူစီးသည့်ကိစ္စဖြင့် သားအဖချင်း အချင်းများရာမှ သားအရင်းက ဖခင်အားဓားဖြင့်ထိုးမှု မိတ္ထီလာတွင်ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရတနာမာန်အောင်ရပ်ကွက်တွင် သားဖြစ်သူမှ ဖယောင်းတိုင်သွား ရောက်ဝယ်ယူပြန်လာစဉ် ဖခင်ဖြစ်သူ၏ဖိနပ်ကိုစီးသွားသဖြင့် သားအဖ စကားများရာမှ သားဖြစ်သူက ဖခင်အရင်းအား ဓားနှင့်ထိုး၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၂၃ ရက်နေ့ ည ၈း၃၀ အချိန်ခန့် မိတ္ထီလာမြို့ ရတနာမာန်အောင်ရပ်ကွက်နယ်မြေ(၉)နေ ဒေါ်မာမာအေး ၅၀ နှစ်မှ အိမ်နောက်အဖီတဲအတွင်းရှိနေစဉ် ခင်ပွန်းဖြစ်သူ ဦးညွန့်ဝင်း ၅၂ နှစ်၏ ဖိနပ်အား အတူနေသားဖြစ်သူ ခိုင်စိုးအောင်မှ ဖယောင်းတိုင်ဝယ်ရန်စီးသွားရာမှ ဖိနပ်စီးသည့်ကိစ္စကြောင့် သားအဖချင်း အချင်းများကြကြောင်း၊ မကြာမီ ခင်ပွန်းဦးညွန့်ဝင်းမှ နေအိမ်နောက်ဘက်သို့ရောက်လာကာ “မိန်းမ ငါ့ကိုတော့ နင့်သားခိုင်စိုးအောင်က ကြက်သွန်လှီးဓားနဲ့ထိုးလိုက်ပြီ”ဟု ပြောသဖြင့် ကြည့်လိုက်ရာ ခင်ပွန်းဖြစ်သူ၌ ဝဲဘက်ဝမ်းဗိုက် ပေါက်ပြဲသွေးထွက်ဒဏ်ရာ ၁ ချက်ကို တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဦးညွန့်ဝင်းအား ဓားနှင့်ထိုးသူ သားခိုင်စိုးအောင် ၁၉ နှစ်အား အရေးယူပေးရန် မိခင်ဖြစ်သူ ဒေါ်မာမာအေး၏ တိုင်တန်းချက်အရ မြို့မရဲစခန်းမှ (ပ) ၂၆၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူပြီး ပြစ်မှုကျူးလွန်သူ ခိုင်စိုးအောင်အား အမှုနှင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမှုမှသိမ်းဆည်းရရှိသော သက်သေခံပစ္စည်းဖြစ်သည့် အရိုး ၄ လက်မ၊ အသွား ၇ လက်မ၊ ဗျက် ၁ လက်မခန့်ရှိ သံရိုးတက် လက်ကိုင်ရိုးတွင် တိက်အနက်ပတ်လျက် ဓားဦးချွန်တချောင်းနှင့်ပတ်သက်၍ မြို့မရဲစခန်း (ပ)၂၆၂/၂၀၁၉ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူထပ်မံစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

ရွှေမောင်မောင်(မိတ္ထီလာ)

Credit:

Leave a Reply

Your email address will not be published. Required fields are marked *