ကျောက်ဆည်တွင် ကာမအားတိုးဆေးအတုထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိ

ကျောက်ဆည်တွင် ကာမအားတိုးဆေးအတုထုတ်လုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိ

မေ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ကျောက်ဆည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ် ကွက်နေထွန်းလင်း၄၂ နှစ်၏နေအိမ်တွင်ကာမအားတိုးဆေး များ ထုတ်လုပ်ရောင်းချနေကြောင်းသတင်းအရ ဝင်ရောက် ရှာဖွေခဲ့သည်။

ထိုကဲ့သို့ရှာဖွေရာတွင် ကာမအားတိုးဆေးများနှင့် ကာမအားတိုးဆေးကို နေအိမ်တွင်ထုတ်လုပ်သည့်စက်နှင့် ဆက် စပ်ပစ္စည်းများ ( စုစုပေါင်းတန်ဖိုး ၂၀,၃၄၆,၀၀၀ကျပ်ခန့်) အား တွေ့ရှိသိမ်းဆည်ရမိခဲ့သည်။ ဖမ်းဆီးရမိသည့်ကာမအားတိုးဆေးများထဲတွင် ပြည်ပနိုင်ငံများတွင်သာထုတ်လုပ် သည့်အမှတ်တံဆိပ်များလည်းတွေ့ရှိခဲ့ရသည်ဟုသိရသည်။

ထွန်းလင်းကို ကျောက်ဆည်မြို့မရဲစခန်း (ပ)၃၇၇/၂၀၁၉၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

Credit:The Ladies News

Leave a Reply

Your email address will not be published. Required fields are marked *