“ဒေါက်တာနန်းမွေစံရဲ့ မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေထွက်ပေါ်လာ”

“ဒေါက်တာနန်းမွေစံရဲ့ မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေထွက်ပေါ်လာ”

နန်းမွေစံဆိုတဲ့ ဆရာဝန်မော်ဒယ်ချောချောလေးဟာဆိုရင် ပုရိသတွေရဲ့တခဲနက်အားပေးခြင်းခံရပြီး ပရိသတ်တွေစွဲလန်းရူးသွပ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ နန်းမွေစံဟာ သူ့ရဲ့ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ စွဲမက်စရာခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် ပရိသတ်တွေသတိမထားမိပဲမနေနိုင်အောင်ဖြစ်ပြီး အောင်မြင်မှုရရှိလာခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။

နန်းမွေစံဟာ မကြာသေးမီတုန်းက မြန်မာ့ယဉ်ကျေးမှုနဲ့မသင့်လျော်တဲ့ဝတ်စားဆင်ယင်မှုကြောင့် ဆရာဝန်တစ်ဦးအနေနဲ့ ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်။ နန်းမွေစံက အထွေထွေဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်ကြောင်း အမိန့်ကြော်ငြာစာကို သူမရဲ့ page မှာ “လူ့အခွင့်အရေးဆိုတာဘာလဲ ဒီမိုကရေစီကရောဘယ်မှာလဲ”လို့ အဓိပ္ပါယ်ရတဲ့ စာသားနဲ့အတူ တင်ထားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အဲဒီ ပို့စ်အောက်မှာနန်းမွေစံကိုအားပေးနေကြပြီး စိတ်မကောင်းဖြစ်နေကြတဲ့သူတွေ မကျေမချမ်းဖြစ်နေကြသူတွေလည်းရှိနေတာမြင်ရပါတယ်။ ဒါပေမယ့် နန်းမွေစံကတော့ လိုင်စင်အသိမ်းခံလိုက်ရလို့ ဆက်ဆီမဝတ်ပဲနဲ့တော့မနေဘူးလို့လည်း အင်တာဗျူးတွေမှာဖြေထားခဲ့ပါတယ်။

အခုလတ်တလော အဲဒီကိစ္စတွေအပြီးမှာ ပရိသတ်တွေကြားထဲပျံ့နှံ့လာတဲ့သတင်းတွေကတော့ နန်းမွေစံက ဗိုလ်မှူးတစ်ယောက်နဲ့လက်ထပ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ခန့် (၂၀၁၄ ) တုန်းက နန်းမွေစံဟာ ဗိုလ်မှူး စည်သူထက်ဆိုသူနဲ့တရားဝင်လက်ထပ်ခဲ့ဖူးပြီး အဲဒီလက်ထပ်ပွဲတုန်းက ဓာတ်ပုံတွေက ပရိသတ်တွေကြားမှာပျံ့နှံ့လို့နေပါတယ်။နန်းမွေစံက ဓာတ်ပုံတွေထဲမှာတော်တော်လေးငယ်သေးတဲ့ပုံပေါက်နေပြီး နန်းမွေစံကိုအိမ်ထောင်မရှိတဲ့အပျိုလို့သာယုံမှတ်ထားခဲ့တဲ့ပရိသတ်တွေအတွက်တော့ ဒီသတင်းတွေက ရုတ်တရက်လန့်ဖျပ်သွားစေခဲ့တာအမှန်ပါပဲ။

ဓာတ်ပုံထဲမှာမြင်ရသလောက်ကတော့ နန်းမွေစံက ဆူးလေ ရှန်ဂရီလာမှာ မင်္ဂလာဆောင်ခဲ့တာမို့ နှယ်နှယ်ရရတော့မဟုတ်ဘူးပဲဆိုရမှာပါ။ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်နန်းမွေစံရဲ့မင်္ဂလာပွဲတုန်းက ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နန်းမွေစံကိုအားပေးကြလား။ နန်းမွေစံက လက်ထပ်ခဲ့ဖူးကြောင်းသိရပြီးဘယ်လိုခံစားသွားရလဲ။ပြောခဲ့ကြပါဦး။

Credit: Can’t Wait To Say

Leave a Reply

Your email address will not be published. Required fields are marked *