ယနေ့နံနက် ၆နာရီမှာ ခွဲစိတ်မှု ခံယူရမည့် ထက်ထက်မိုးဦး

ယနေ့နံနက် ၆နာရီမှာ ခွဲစိတ်မှု ခံယူရမည့် ထက်ထက်မိုးဦး

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ တစ်ချိန်က ကြော်ငြာတိုင်းမှာ သူမနေရာယူခဲ့ပြီး ၊ကြော်ငြာမင်းသမီးလို့တင်စားခေါ်ဝေါ်ကြတဲ့အထိ နာမည်ကြီးခဲ့သူပါ။ သရုပ်ဆောင်ပီပြင်ပြီးကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် လည်း သူမကို ချစ်တဲ့ပရိသတ်အခိုင်အမာရရှိထားသူပါ။

ထက်ထက်မိုးဦးက အနုပညာလှုပ်ရှားမှုတွေကျဲပေမယ့် ပွဲတက်တစ်ချို့မှာ တွေ့ရသလို ချစ်ပရိသတ်တွေကလည်းသူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်နေကြတာပါ။

ဒီနေ့မှာတော့ သူမဆေးရုံတက်နေရတဲ့ ပုံရိပ်တွေက ပရိသတ်တွေဆီ ပျံ့နှံလျှက်ရှိနေပါတယ်။ ထက်ထက်မိုးဦးက သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် မနက်ဖြန် ၆နာရီမှာ ခွဲစိတ်မှုခံယူရမယ်လို့သိရတယ်။

သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကစိုးရိမ်နေကြသလို ဘာရောဂါ ဖြစ်နေတယ်ဆိုတာကိုလည်း စိတ်ဝင်စားနေကြတာပါ။

သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ခွဲစိတ်မှုအောင်မြင်ဖို့ ဆုတောင်းပေးကြပါဦးနော် ပရိသတ်ကြီး။

#Credit-Moekalay(momolay)

Leave a Reply

Your email address will not be published. Required fields are marked *