ချစ်သူကို လေယာဉ်မယ်အဖြစ်က နုတ်ထွက်စေချင်လို့  ဟန်ဆောင်လေယာဉ်အပိုင်စီးမှုလုပ်ခဲ့တဲ့ အိန္ဒိယလုပ်ငန်းရှင် ထောင် တစ်သက်ကျ

ချစ်သူကို လေယာဉ်မယ်အဖြစ်က နုတ်ထွက်စေချင်လို့  ဟန်ဆောင်လေယာဉ်အပိုင်စီးမှုလုပ်ခဲ့တဲ့ အိန္ဒိယလုပ်ငန်းရှင် ထောင် တစ်သက်ကျ

ချစ်သူကို လေယာဉ်မယ်အလုပ်ကထွက်ပြီး မိမိနဲ့ အတူနေထိုင်စေချင်တာကြောင့် ဟန်ဆောင် လေယာဉ် အပိုင်စီးမှုပြုလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို အိန္ဒိယ အကြမ်းဖက်တိုက်ဖျက်ရေး တရားရုံးတစ်ရုံးက ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာက မွန်ဘိုင်းကနေ နယူးဒေလီကို ပျံသန်းနေတဲ့ Jet လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ သန့်စင်ခန်းထဲမှာ ထားခဲ့တဲ့ ခြိမ်းခြောက်စာအတွက် Birju Salla မှာအပြစ်ရှိကြောင်း (ဇွန် ၁၁) အင်္ဂါနေ့မှာ တရားရုံးက အမိန့် ချခဲ့တာပါ။

အဆိုပါ ခြိမ်းခြောက်စာထဲမှာ လေယာဉ်ပေါ်မှာ ပြန်ပေးသမားတွေပါလာကြောင်း နဲ့ ဗုံးတွေလည်းတပ်ဆင် ထားကြောင်း ရေးသားထားကာ ပါကစ္စတန်ပိုင် ကတ်ရှ်မီးယားဒေသမှာ လေယာဉ်ဆင်းပေးဖို့ တောင်းဆိုထား ခဲ့ပါတယ်။

Birju Salla ဟာ အသစ်ပြဌာန်းထားတဲ့ anti-hijacking ဥပဒေ နဲ့ အရေးယူခံရတဲ့ ပထမဆုံးသူဖြစ်လာခဲ့ပြီး အဆိုပါ ဥပဒေဟာ အနည်းဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းကနေ အများဆုံး သေဒဏ်ချမှတ်နိုင်တဲ့ တင်းကျပ်တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။

ထိုကဲ့သို့ ခြိမ်းခြောက်မှုကြောင့် လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိခဲ့ရတဲ့အတွက် ၄င်းတို့ကို လျော်ကြေးပေးဖို့ Birju Salla ကို ဒဏ်ငွေ ရူပီး သန်း ၅၀ ချမှတ်ခဲ့တယ်လို့ လည်း သိရပါတယ်။

Birju Salla ဟာ ဒေလီမြို့က လေယာဉ်မယ်တစ်ဦးနဲ့ တိတ်တဆိတ်လက်ထပ်ထားခဲ့တာဖြစ်ပြီး သူ့ကို ၄င်းနဲ့ အတူ မွန်ဘိုင်းမှာ လာနေစေချင်ခဲ့ပေမယ့် ငြင်းပယ်ခဲ့တာကြောင့် အခုလိုလုပ်ခဲ့တာဖြစ်ပါတယ်။ သူရဲ့ အစီအစဉ်ကြောင့် လေကြောင်းလိုင်းမှာပြဿနာပေါ်ပြီး ဒေလီ-မွန်ဘိုင်း ခရီးစဉ်ဖျက်သိမ်းခဲ့ရရင် သူလက်ထပ်ထားသူလည်း အလုပ်ထွက်ရနိုင်တဲ့အတွက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

#CREDIT  MYANMAR ONLINE

Leave a Reply

Your email address will not be published. Required fields are marked *