သခွားသီးရေမှပေးတဲ့ အံ့သြဖွယ်ကောင်းသော ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

သခွားသီးရေမှပေးတဲ့ အံ့သြဖွယ်ကောင်းသော ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

သခွားသီးရေက ပြုလုပ်ရတာလည်း လွယ်ကူသလို ကျန်းမာရေးကောင်းကျိုးတွေကလည်း တကယ့်ကို အံ့မခန်းပါပဲ။ သခွားသီးကို ပါးပါးလှီးပြီး ရေကရားထဲမှာ ထည့်ပေးထားလိုက်ရုံနဲ့တင် အလွယ်တကူသောက်သုံးနိုင်ပါပြီ။

သူ့ရဲ့ကောင်းကျိုးလေးတွေကို ဆက်ဖတ်ကြည့်ရအောင်နော်။

၁။ အသားအရည်လှတယ်

သခွားသီးက အသားအရည်လှတယ်ဆိုတာတော့ အားလုံးသိပြီးသားပဲဖြစ်မှာပါ။ သခွားသီးထဲမှာပါပဲ ဗီတာမင်နဲ့ Antioxidants က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ပါးရေတွန့်ခြင်း၊ အမဲစက်ဖြစ်ခြင်းကို တားဆီးပေးပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။

၂။ ကိုယ်အလေးချိန်ကျတယ်

တစ်ခါတစ်ရံမှာ ရေဆာတာကို ဗိုက်ဆာတယ်ဆိုပြီး အထင်မှားတတ်ကြပါတယ်။ အဲ့ဒီအခါမျိုးမှာ ရေသောက်ပေးခြင်းက ကျန်းမာရေးအတွက်ကောင်းသလို၊ သခွားရေ သောက်ပေးခြင်းက မလိုအပ်ပဲအစား အလွန်အကျွံစားခြင်း၊ မုန့်ပဲသရေစာစားခြင်းကို ထိန်းချုပ်ပေးပါတယ်။

၃။ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်

သခွားရေသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုတက်ဆီယမ် ပမာဏကိုမြှင့်တင်ပေးပါတယ်။ ပိုတက်ဆီယမ်က ဘာလုပ်ပေးလဲဆိုရင် သွေးဖိအားကို လျော့ချပေးတယ်၊ ရုတ်တရက်နှလုံးသွေးကြောမပိတ်အောင် ပြုလုပ်ပေးတယ်။ အခြားနှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးသေးတယ်။

၎။ အရိုးများကို သန်မာစေတယ်

သခွားရေထဲမှာ သတ္တုဓာတ်တွေ များများစားစားမပါဝင်ပေမဲ့ အရိုးပွရောဂါဖြစ်နှုန်းကို ကာကွယ်ပေးပြီး အရိုးသိပ်သည်းဆကို မြှင့်တင်ပေးတဲ့ မန်းဂနိဓာတ်နဲ့ ဆီလီကာဒြပ်ပေါင်းပါဝင်တယ်။

၅။ ကင်ဆာဖြစ်ပွားနှုန်းကို လျှော့ချပေးတယ်

သခွားသီးမှာ ပါတဲ့ ထူးခြားတဲ့ Cucurbitacin ဒြပ်ပေါင်းတစ်မျိုးက ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွာပေးပါတယ်။

၆။ ကိုယ်တွင်းအဆိပ်အတောက် ဖယ်ရှားပေးတယ်

သခွားရေသောက်များများသောက်ပေးပြီး ဆီးသွားမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အညစ်အကြေးအဆိပ်အတောက်တွေကို အလျင်အမြန်ချေဖျက်ပေးရာရောက်ပါတယ်။

၇။ ကြွက်သားအားကောင်းတယ်

သခွားရေထဲမှာ ပါဝင်မှုအများဆုံးကတော့ ဆီလီကာဓာတ်ပါ။ သူက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့တွယ်ဆက်တစ်သျှူးတွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ သူကကြွက်သားကြီးထွားနှုန်းကိုလည်း မြှင့်တင်ပေးပါသေးတယ်။

အခုဆိုရင်တော့ သခွားရေရဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးလေးတွေကို သိရပြီဆိုရင်တော့ အိမ်မှာ သခွားရေလုပ်သောက်ကြည့်ရအောင်နော်။

Credit:My Style Myanmar

Leave a Reply

Your email address will not be published. Required fields are marked *