– ဘန်ကောက်ပို့ စ်
Unicode Version
ဖူးခက်မှာ ဆောက်လက်စ ကွန်ဒို ငြမ်းစင်ပြိုကျခဲ့မှုအတွင်း မြန်မာ အလုပ်သမား သုံးဦး သေဆုံး
ထိုင်းနိုင်ငံ ဖူးခက်ဒေသမှာ တနင်္ဂနွေနေ့က ကွန်ဒိုဆောက်လုပ်ရေး လုပ်ငန်းခွင်ရဲ့ ငြမ်းစင်ပြိုကျခဲ့မှုအတွင်း အပျက်အစီးတွေအောက် ပိတ်မိနေခဲ့တဲ့ မြန်မာ အလုပ်သမားနှစ်ဦးကို သေဆုံး လျက်တွေ့ရှိခဲ့တာကြောင့် ယင်း မတော်တဆမှုအတွင်း သေဆုံးခဲ့ရတဲ့ မြန်မာလုပ်သား သုံးဦးရှိခဲ့ကာ ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
အပျက်အစီးတွေအောက် ပိမိနေခဲ့တဲ့ နောက်ဆုံးကျန်ရှိ အလုပ်သမားရဲ့အလောင်းကို ဒီနေ့(သြဂုတ် ၁၂) မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်ဆွဲထုတ်ယူနိုင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာက ဖော်ပြပါတယ်။
မြောင်ခရိုင် Rawai မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် ငြမ်းစင် တနင်္ဂနွေနေ့က ပြိုကျသွားခဲ့ချိန်မှာ တစ်ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့တာပါ။ အလုပ်သမားတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်းနဲ့ အပျက်အစီး ပုံတွေအောက်မှာ အလုပ်သမားနှစ်ဦး ပိမိနေခဲ့ကြောင်း ထိုင်းရဲက ပြောဆိုခဲ့ပါတယ်။ ငြမ်းစင်ဟာ တနင်္ဂနွေနေ့ ညနေ ၂ နာရီလောက်က ပြိုကျခဲ့တာဖြစ်တယ်လို့ ဖူးခက်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး သန်ညာဝပ် ချန်ပီနစ်က ယင်း ညပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ပိတ်မိနေခဲ့တဲ့ အလုပ်သမားနှစ်ဦးကို မြေတူးစက်၊ ဘက်ဟိုးတွေသုံးကာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ထဲက တစ်ဦးကို ညနှောင်းပိုင်းမှာ တွေ့ရှိခဲ့ပြီး ဗာချီရာဖူးခက် ဆေးရုံကို ပို့ဆောင်ပေးခဲ့ပေမယ့် ဆရာဝန်တွေက သေဆုံးနေပြီလို့ အတည်ပြုခဲ့ကြောင်း ဒု အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။
ဒဏ်ရာရခဲ့သူ ၈ ဦးအနက် ၅ ဦးကတော့ ဆေးရုံက ဆင်းသွားနိုင်ခဲ့ပြီဖြစ်ကာ ကျန်သုံးဦးက ဆက်လက် ကုသမှုခံယူနေဆဲလို့ သိရပါတယ်။
ပြိုကျခဲ့တဲ့ ငြမ်းစင်ဟာ VIP Rawai ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းခွင်က ငြမ်းစင်ဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။
– ဘန်ကောက်ပို့စ်
Credit- ကိုလင်း (အကုန်သိ သတင်းဌာန)
Leave a Reply
Your email address will not be published. Required fields are marked *
Releated
အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား
အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]