ဘဂၤလားပင္လယ္ေအာ္အေနာက္ ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္း တစ္ခု ထပ္မံျဖစ္ေပၚေန (မိုးဇလ)

ဘဂၤလားပင္လယ္ေအာ္အေနာက္ ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္း တစ္ခု ထပ္မံျဖစ္ေပၚေန (မိုးဇလ)

(၂၀၁၉ ခုႏွစ္၊ ဩဂုတ္လ (၁၂)ရက္ေန႕ မြန္းလြဲ (၂:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ယေန႕နံနက္(၀၉:၃၀)နာရီအခ်ိန္ထိမိုးေလဝသတိုင္းထြာခ်က္အက်ဥ္းခ်ဳပ္။ လြန္ခဲ့ေသာ(၂၄)နာရီအတြင္းက ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း)တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႕အျပား မိုးထစ္ခ်ဳန္း႐ြာခဲ့ၿပီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေနရာကြက္၍ မိုးႀကီးခဲ့ ပါသည္။

မွတ္သားဖြယ္ရာ မိုးေရခ်ိန္မ်ားမွာ လပြတၱာၿမိဳ႕တြင္ (၆.၆၉)လက္မ၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕တြင္ (၄.၆၁)လက္မ၊ ေမာင္ေတာၿမိဳ႕တြင္ (၄.၀၉) လက္မ၊ မာန္ေအာင္ၿမိဳ႕တြင္ (၃.၆၆)လက္မ၊ ဘားအံ(စိုက္ပ်ိဳးေရးမိုးေလဝသ)တြင္ (၃.၁၁)လက္မ၊ လွိုင္းဘြဲ႕ၿမိဳ႕တြင္ (၃.၀၇)လက္မ၊ ေကာ့ေသာင္း ၿမိဳ႕တြင္ (၃.၀၃)လက္မ၊ ပိုင္က်ဳံၿမိဳ႕တြင္ (၂.၉၆)လက္မ၊ ေျမာင္းျမၿမိဳ႕တြင္ (၂.၉၁)လက္မ၊ ၿမိတ္ၿမိဳ႕တြင္ (၂.၈၀)လက္မ၊ ပုသိမ္ၿမိဳ႕တြင္ (၂.၇၆) လက္မ၊ မအူပင္ၿမိဳ႕တြင္ (၂.၇၂)လက္မ၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ (၂.၆၈)လက္မ၊ စစ္ေတြၿမိဳ႕တြင္ (၂.၆၄)လက္မ၊ ဂြၿမိဳ႕တြင္ (၂.၆၀)လက္မ၊ ဖ်ာပုံၿမိဳ႕တြင္ (၂.၅၇)လက္မႏွင့္ ဆင္ျဖဴကြၽန္းၿမိဳ႕၊ ေဇာင္းတူၿမိဳ႕ႏွင့္ ေခ်ာင္းဆုံၿမိဳ႕တို႔တြင္ (၂.၄၈)လက္မစီတို႔ ျဖစ္ၾကပါသည္။

ဘဂၤလားပင္လယ္ေအာ္ေျခအေန။ ယေန႕ျမန္မာစံေတာ္ခ်ိန္ (၁၃:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေနာက္ ေျမာက္ပိုင္းတြင္ ေလဖိအားနည္းရပ္ဝန္း (Low Pressure Area)တစ္ခု ျဖစ္ေပၚေနပါသည္။ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ ေအာ္ေတာင္ပိုင္းတို႔တြင္ မုတ္သုံေလ အားေကာင္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ မုတ္သုံေလ အားအလြန္ေကာင္းေနသည္။

မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းတြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာ အႏွံ႕အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ ေဒသအလိုက္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။ ျမန္မာ့ကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္း ႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္နိုင္ပါသည္။ လွိုင္းအျမင့္မွာ ျမန္မာ့ ကမ္းရိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၁)ေပခန႔္ ရွိနိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။ မုတ္သုံေလ အားေကာင္းေနမည္။

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ မိုးအသင့္အတင့္ ထစ္ခ်ဳန္း႐ြာၿပီး၊ တစ္ခါတစ္ရံ သည္းထန္နိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္။

Credit:မိုးဇလ

ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ထပ်မံဖြစ်ပေါ်နေ (မိုးဇလ)

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ ပါသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ လပွတ္တာမြို့တွင် (၆.၆၉)လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် (၄.၆၁)လက်မ၊ မောင်တောမြို့တွင် (၄.၀၉) လက်မ၊ မာန်အောင်မြို့တွင် (၃.၆၆)လက်မ၊ ဘားအံ(စိုက်ပျိုးရေးမိုးလေဝသ)တွင် (၃.၁၁)လက်မ၊ လှိုင်းဘွဲ့မြို့တွင် (၃.၀၇)လက်မ၊ ကော့သောင်း မြို့တွင် (၃.၀၃)လက်မ၊ ပိုင်ကျုံမြို့တွင် (၂.၉၆)လက်မ၊ မြောင်းမြမြို့တွင် (၂.၉၁)လက်မ၊ မြိတ်မြို့တွင် (၂.၈၀)လက်မ၊ ပုသိမ်မြို့တွင် (၂.၇၆) လက်မ၊ မအူပင်မြို့တွင် (၂.၇၂)လက်မ၊ မော်လမြိုင်မြို့တွင် (၂.၆၈)လက်မ၊ စစ်တွေမြို့တွင် (၂.၆၄)လက်မ၊ ဂွမြို့တွင် (၂.၆၀)လက်မ၊ ဖျာပုံမြို့တွင် (၂.၅၇)လက်မနှင့် ဆင်ဖြူကျွန်းမြို့၊ ဇောင်းတူမြို့နှင့် ချောင်းဆုံမြို့တို့တွင် (၂.၄၈)လက်မစီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားကောင်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာပြီး၊ တစ်ခါတစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Credit:မိုးဇလ

Leave a Reply

Your email address will not be published. Required fields are marked *

Releated

အသက္ ၆ ႏွစ္အ႐ြယ္ သမီးအရင္း၏ မိန္းမအဂၤါအား လက္ျဖင့္ႏွိုက္သည့္ ဖခင္ကို အေရးယူထား

အသက္ ၆ ႏွစ္အ႐ြယ္ သမီးအရင္း၏ မိန္းမအဂၤါအား လက္ျဖင့္ႏွိုက္သည့္ ဖခင္ကို အေရးယူထား ေနျပည္ေတာ္၊ ဇဗၺဴသီရိၿမိဳ႕နယ္ ဓနသိဒၶိရပ္ကြက္အတြင္းရွိ ဝန္ထမ္းအိမ္ရာတြင္ ဖခင္ျဖစ္သူမွ အသက္ ၆ ႏွစ္အ႐ြယ္ သမီးငယ္၏ မိန္းမကိုယ္အား လက္ျဖင့္ႏွိုက္သည့္ကိစၥ ၾသဂုတ္လ ၁၃ ရက္ေန႕က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ျဖစ္စဥ္မွာ သမီးျဖစ္သူ ဆီးေအာင္ျဖစ္သျဖင့္ က်ဴရွင္မပို႔ေၾကာင္း ဇနီးျဖစ္သူကို ေျပာျပသျဖင့္ မိခင္ျဖစ္သူမွ သမီးျဖစ္သူကို ေသးခံ အဝတ္ဝတ္ကာ အိပ္ေစခဲ့ရာမွ ၾသဂုတ္လ ၁၈ ရက္က ေသးခံအဝတ္တြင္ ေသြးစအနည္းငယ္ေတြ႕ရသျဖင့္ ကေလးအထူးကု ဆ ရာဝန္ထံသို႔ သြားေရာက္ ျပသခဲ့စဥ္ ဖခင္ျဖစ္သူက အိပ္ခန္းကုတင္ေပၚတြင္ လက္ျဖင့္ႏွိုက္ခဲ့ေၾကာင္း ေဆး႐ုံရွိ ဆရာမမ်ားေရွ႕တြင္ ေျပာျပခဲ့ေၾကာင္း သိရသည္။ “အခုလက္ရွိကေတာ့ တရားခံလို႔ ယူဆရတဲ့သူကို […]

ပုဏၰားကြၽန္းၿမိဳ႕နယ္အဝင္၌ ဒုရဲတပ္ရင္းမႉး ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရ

ပုဏၰားကြၽန္းၿမိဳ႕နယ္အဝင္၌ ဒုရဲတပ္ရင္းမႉး ယာဥ္တန္း မိုင္းဆြဲတိုက္ခိုက္ခံရ ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္က ဒုရဲတပ္ရင္းမႉးရဲ႕ ယာဥ္တန္း ၾသဂုတ္ ၂၀ ရက္ မနက္ ၁၀ နာရီေက်ာ္ေလာက္က ပုဏၰားကြၽန္းၿမိဳ႕နယ္ အဝင္မွာ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရပါတယ္။ ပုဏၰားကြၽန္းၿမိဳ႕နယ္နဲ႕ ေက်ာက္ေတာ္နယ္ျခားက ႐ြာနားမွာ မိုင္းဆြဲခံခဲ့ရတာလို႔ နပခ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳေျပာပါတယ္။ “ဒုတပ္ရင္းမႉးယာဥ္တန္း မိုင္းတလုံး ဆြဲခံရတာမွန္တယ္။ ဒီေန႕မနက္ ၁၀ နာရီေက်ာ္ ေလာက္မွာ အဆြဲခံရတာ။ ထိခိုက္ဒဏ္ရာ ရတာေတြရွိတယ္။ ေသဆုံးတာကေတာ့ မသိေသးပါဘူး” လို႔ေျပာပါတယ္။ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေပါက္ခြက္ဆိပ္႐ြာနဲ႕ ပုဏၰကြၽန္းၿမိဳ႕နယ္၊ ဗိုလ္တေထာင္ ေက်း႐ြာ အၾကားမွာ မိုင္းတလုံးနဲ႕ ဂဏန္းေတာင္နဲ႕ ၿပိဳင္ေတာေက်း႐ြာအၾကားမွာ မိုင္းတလုံး စုစုေပါင္း ၂ လုံးေပါက္ကြဲခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။ အခုလို မိုင္းေတြ […]