မိဘအား ကိုယ်ထိလက်ရောက်ကျူးလွန်သည့် အစ်ကိုဖြစ်သူကို ညီဖြစ်သူက ဓားဖြင့်ခုတ်သတ်

မိဘအား ကိုယ်ထိလက်ရောက်ကျူးလွန်သည့် အစ်ကိုဖြစ်သူကို ညီဖြစ်သူက ဓားဖြင့်ခုတ်သတ်








Unicode Version

မိဘအား ကိုယ်ထိလက်ရောက်ကျူးလွန်သည့် အစ်ကိုဖြစ်သူူကို ညီဖြစ်သူက ဓားဖြင့်ခုတ်သတ်

မိသားစုကိုပြဿနာရှာသည့်အစ်ကိုအရင်းအား ညီဖြစ်သူက ဓားဖြင့်ခုတ်သတ်မှု ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာကျောင်းကုန်းမြို့နယ်၊ စံပါယ်ရုံကျေးရွာအုပ်စု၊ တာကုန်းကျေးရွာတွင် သြဂုတ်လ ၁၁ ရက်၊ ည ၁၁ နာရီခွဲခန့်က လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြရာ သေဆုံးသူမှာအသက် ၂၉ နှစ်အရွယ်တင်ဆန်းဝင်း(ခ)ဖိုးခွားဆိုသူဖြစ်ကြောင်း သိရှိခဲ့ရသည်။

၎င်းမှာ ဦးခေါင်းနောက်(၆)လက်မရှိ ပြတ်ရှဒဏ်ရာ(၄)ချက်၊ ဝဲဘက်နားနောက်မှ ဇက်ပိုးထိ(၆) လက်မပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် နေအိမ်ပေါ်တွင် အသတ်ခံရခြင်းဖြစ်သဖြင့် အလောင်းကိုရဲဆေးစာဖြင့် ရင်ခွဲရုံသို့တင်ပို့ပေးခဲ့ကြသည်။

စစ်ဆေးချက်အရ အခင်းမဖြစ်ခင်၌ သေဆုံးသူမှာအရက်သေစာသောက်စားမူးလာပြီး မိသားစုကို ပြဿနာရှာရန်တွေ့ကာ မိဘများကိုကိုယ်ထိလက်ရောက်ကျူးလွန်နေသဖြင့် ညီဖြစ်သူသန့်ဇင်ဦး(၂၇)နှစ်က မြက်ရိတ်ဓားဖြင့် ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

“အရင်တုန်းကတည်းကလည်း အရက်သောက်စားမူးလာတိုင်းမှာမိသားစုကို ပြဿနာရှိလေ့ရှိတယ်လို့ သိရတယ်။ အခင်းဖြစ်တဲ့အချိန်မှာလည်း ထုံးစံအတိုင်းအရက်မူးပြီးမိသားစုကိုစော်ကားနေတဲ့အပြင် မိဘနှစ်ပါးကိုကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အတွက် ညီဖြစ်သူကသည်းမခံနိုင်ဘဲသတ်လိုက်တာပေါ့။ အစကတော့ထွက်ပြေးတိမ်းရှောင်နေသေးပေမဲ့ အိမ်အနောက်ဘက်ငှက်ပျောတောထဲမှာတွေ့ရှိခဲ့တာကနေ သူကလည်းအဖမ်းခံလိုက်တာပါ” ဟုကျောင်းကုန်းမြို့မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

အမှုနှင့်ပတ်သက်၍ သန့်ဇင်ဦး၊ (၂၇)နှစ်ကို ကျောင်းကုန်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Credit- ဒါးဇ(အကုန်သိသတင်းဌာန)

Leave a Reply

Your email address will not be published. Required fields are marked *

Releated

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]