








Unicode Version

လာမည့် ၂ ရက်မှ ၃ ရက်အတွင်း ရခိုင်ပြည်နယ်၌ ရေကြီးနိုင်ကြောင်း မိုး/ဇလမှ ညွှန်ချုပ် ပြော

သြဂုတ်လဒုတိယပတ်ကျော်အတွင်း ရခိုင်ပြည်နယ်၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

မိုးရွာသွန်းမှုဖြစ်စဉ်များနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ သြဂုတ်လ ၁၁ ရက်၌မေးမြန်းရာတွင် ယင်းကဲ့သို့ပြန်လည်ဖြေကြားပေးခြင်းဖြစ်သည်။

“မွန်ပြည်နယ်ထဲမှာတော့ မိုးရေချိန်လက်မဒီရက်ပိုင်းထဲလျော့သွားပါတယ်။ နောက်ထပ် ၂ ရက်၊ ၃ ရက် လောက်ဆိုရင်တော့ ရခိုင်ပြည်နယ်ဘက်မှာ မုတ်သုန်လေအားကောင်းပြီး မိုးအဆက်မပြတ် ရွာသွန်းဖို့ရှိတယ်’’ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

ဇူလိုင်လမှ စတင်ကာ သြဂုတ်လအထိ မြန်မာပြည်အထက်ပိုင်းနှင့်အောက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မြေပြိုမှုများ၊ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စုစုပေါင်း လူဦးရေ ငါးသောင်းကျော်ရှိပြီး ရေကြီးနစ်မြုပ်မှုတို့လည်းဖြစ်ပွားနေကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အနောက်ပိုင်းတွင်တည်ရှိပြီး လူဦးရေ ၃၁၈၈၈၀၇ ဦးနေထိုင်ကာ ဧရိယာအကျယ်အဝန်း ၁၄၂၀၀.၁ စတုရန်းမိုင်ကျယ်ဝန်းကြောင်း သိရသည်။

Credit – မင်းသီဟန်(အကုန်သိသတင်းဌာန)

Leave a Reply

Your email address will not be published. Required fields are marked *

Releated

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]