








ဇွဲခန့်

Credit:iseemedia

အစိုးရဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာကို wave money ဖြင့် စတင်ထုတ်ယူနိုင်ပြီ

အစိုးရဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာတွင် မြန်မာ့စီးပွားရေးဘဏ်သွားရာမလိုဘဲ wave money ယခုလမှစတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်နှင့် wave money တို့ပူးပေါင်း၍ ပင်စင်လစာကိုနီးစပ်ရာ အေးဂျင့်များ၌ ထုတ်ယူနိုင်ရန် အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း FMI ၏လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးထွန်းထွန်းက ပြောသည်။

“ပင်စင်စားတွေအနေနဲ့ ပင်စင်ငွေ တွေကို အရင်ကလို ပင်ပင်ပန်းပန်း နဲ့မြန်မာ့စီးပွားရေးဘဏ်မှာသွား တန်းစီစရာမလိုတော့ဘဲအနားမှာရှိတဲ့ အေးဂျင့်ကနေ wavemoney အကောင့်ကတစ်ဆင့်ငွေထုတ်ယူနိုင် မှာဖြစ်ပါတယ်ဟု ၎င်းက ပြောသည်။

ပင်စင်လစာကို wavemony မှထုတ်ယူလိုသူများအနေဖြင့် အသုံးပြုလိုကြောင်း လျှောက်လွှာကို မြန်မာ့စီးပွားရေးဘဏ်သို့ လျောက်ထားရမည်ဖြစ်ပြီး မည်သည့်ဆင်းကဒ်နှင့်မဆှိ အကောင့်ကိုအခမဲ့ဖွင့်ကာ စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင် းသိရသည်။

ပင်စင်လစာအကောင့်ထဲသို့ဝင်လာလျှင် လစာရကြောင်းမက်စေ့ရ ရှိမည်ဖြစ်ပြီး ထိုမက်စေ့ဝင်လာလျှင် နီးစပ်ရာ wave money အေးဂျင့်များ၌ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင် းသိရသည်။

ထို့ပြင် ရိုးမဘဏ်၏ စမတ်အကောင့် ကိုင်ဆောင်ထားသူများအနေဖြင့် ဘဏ်သို့သွားရန်မလိုဘဲ wave money မှတစ်ဆင့် မိမိတို့ ၏ဘဏ်အကောင့်ထဲသို့ငွေထုတ် ငွေသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်မည့်အစီအစဉ်ကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီးလက်ရှိတွင် ဗဟိုဘဏ်ထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဦး ထွန်းထွန်းကပြောသည်။

၂၀၁၉ မတ်လအထိ wave money အေးဂျင့်ဆိုင်ခွဲပေါင် း၄၅၀ဝ၀ ရှိခဲ့ ပြီဖြစ်ပြီး ဝန်ဆောင်မှုစတင်ချိန်မှ သုံး စွဲသူ ၉ သန်းကျော်ရှိကြောင်း သိရသည်။

ဇွဲခန့်

Credit:iseemedia

Leave a Reply

Your email address will not be published. Required fields are marked *

Releated

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား

အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]