Credit:akonthi
အနိုင်ကျင့်နှိပ်စက်သည်ဆိုသော ဖခင်ဖြစ်သူကို ဇနီး/သမီးနှင့် သားမက်တို့က သတ်ဖြတ်ကာအလောင်းဖျောက်ဖျက်သည့် လူသတ်မှု
၄-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂၃၀ အချိန်ခန့် ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအနီး ဆည်မချောင်း ကမ်းစပ် သမန်းချုံပင်များအကြား ရေထဲတွင် အမျိုးသား အလောင်း (၁) လောင်း အား ကြိုးဖြင့် လက်နှစ်ဖက်အား ချည်ကာ ကျန်ကြိုးစတစ်ဖက်ကို ခြုံနှင့် ချည်ထားလျက် ဦးခေါင်း ငယ်ထိပ် နှင့် နောက်စေ့ တို့တွင် ပေါက်ပြဲဒဏ်ရာတို့ဖြင့် တွေ့ရှိရမှုနှင့် ပတ်သက်၍ ကဝမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုပေါ်ပေါက်ရေး အတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ သေဆုံး သူ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းခဲ့ရာ ၅-၈-၂၀၁၉ ရက်နေ့တွင် သေဆုံးသူမှာ ကဝမြို့ နယ်၊ အထုံကျေးရွာနေ ဦးခင်မောင်ကြည် (၄၆) နှစ်ဖြစ်ကြောင်း သိရှိခဲ့ရပါသည် ။
သတင်းစုံစမ်းရေးအဖွဲ့မှ လိုက်လံစုံစမ်းခဲ့ရာ သေဆုံးသူ၏ သမီးဖြစ်သူ မသက်မာခိုင် မှာ သေဆုံးသူ၏ အခင်းဖြစ်စဉ်ကာ စီးနင်းခဲ့သောဆိုင်ကယ်အား အခင်းဖြစ်ပြီး နောက်နေ့ ၄-၈-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၊ အမှတ် (၆)ရပ်ကွက်တွင် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ၁၀-၈-၂၀၁၉ ရက်နေ့တွင် အမှုစစ်အဖွဲ့ဖြစ်သည့် ကဝမြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်း နှင့် အဖွဲ့မှ မသက်မာခိုင်နှင့် ခင်ပွန်းဖြစ်သူ ရန်နိုင်အောင် တို့အား အဖွဲ့များ ခွဲ၍ စစ်ဆေးရာ ၃-၈-၂၀၁၉ ရက်နေ့ ညနေ ၀၄၀၅ အချိန်ခန့်တွင် ၎င်းတို့ထံသို့ မိခင်ဖြစ်သူ ဒေါ်အမာကြည် ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ဦးခင်မောင်ကြည်မှ ၎င်းအား အရှက်ခွဲ အနိုင်ကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကြောင့် မိခင် ဖြစ်သူ၏ အကူအညီ တောင်းခံချက်အရ ဆိုင်ကယ်ဖြင့်လာသော ဦးခင်မောင်ကြည် အား ခရု ဘုရားနှင့် ကံဘဲ့ ကျေးရွာအကြားရှိ ကြက်ရိုးရေချမ်းစင် အနီးတွင် ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ဖြစ်သူ ဝက်ကြီး တို့မှ ပေါက်တူး၊ ဝါးစိမ်းတုတ်၊ သစ်သားတုတ် တို့ဖြင့် ဝိုင်းဝန်း ရိုက်နှက်ခဲ့၍ ဦးခင်မောင်ကြည် မှာ သေဆုံးသွားခဲ့ကြောင်း၊ ရန်နိုင်အောင် နှင့် သက်မာခိုင် တို့မှ စက်လှေ အား သွားရောက်ဌားရမ်းခဲ့ပြီး ဒေါ်အမာကြည်၊ ဝက်ကြီးတို့နှင့် ပူးပေါင်း၍ အလောင်းအား စက်လှေ၏ တွင် ကြိုးဖြင့် ချည်နှောင်ကာ ဆည်မချောင်း အတိုင်း ကမ်းမြောင် ကျေးရွာဘက်သို့ မောင်းနှင် လာခဲ့ပြီး ဆည်မချောင်း ကမ်းစပ် သမန်းချုံပင်များအကြား ရေထဲတွင် နိုင်လွန်ကြိုးဖြင့်ချည်၍ အလောင်းအား စွန့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း၊ သေဆုံးသူ စီးနင်းခဲ့သည့် ဆိုင်ကယ်အား သက်မာခိုင်နှင့် ရန်နိုင်အောင် တို့မှ အမှတ်(၆)ရပ်ကွက်တွင် ပြန်လည် ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည် ။
အမှုမှ သေဆုံးသူ ခင်မောင်ကြည် အား ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ကာ အလောင်းအား ရေထဲတွင် စွန့်ပစ်ဖျောက်ဖျက်သူ တရားခံများဖြစ်သည့် ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သက်မာခိုင် နှင့် ဝက်ကြီး တို့ (၄)ဦးအား ၁၀-၈-၂၀၁၉ ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒနှင့်အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါ သည်။
Source – ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့
Credit:akonthi
Leave a Reply
Your email address will not be published. Required fields are marked *
Releated
အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား
အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]