ေရေဘးသင့္ ျပည္သူေတြအတြက္ ကိုယ္တိုင္ကိုယ္က် လိုက္လံ လႉဒါန္းေနတဲ့ ခ်မ္းခ်မ္း

ေရေဘးသင့္ ျပည္သူေတြအတြက္ ကိုယ္တိုင္ကိုယ္က် လိုက္လံ လႉဒါန္းေနတဲ့ ခ်မ္းခ်မ္း

ခ်မ္းခ်မ္းက သဘာဝေဘးအႏၲရာယ္ ခံစားေနရတဲ့ မြန္ျပည္နယ္ ေရေဘးသင့္ ျပည္သူေတြဆီသို႔ ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းေနတာ ျဖစ္ပါတယ္။ လက္ရွိမွာ ေရးၿမိဳ႕သို႔ သြားေနတယ္လို႔ သိရပါတယ္။

ခ်မ္းခ်မ္းက ေရေဘးသင့္ ျပည္သူေတြအတြက္ ရန္ကုန္မွာ ကိုယ္တိုင္ကိုယ္က် အလႉလိုက္ခံၿပီး ဒီေန႕ (ၾသဂုတ္လ၁၂ရက္)ေန႕မွာ မြန္ျပည္နယ္ဘက္သို႔ ကိုယ္တိုင္ကိုယ္က် သြားေရာက္လႉဒါန္းလို႔ ေနပါတယ္။ ေပါင္၊ မုတၱမဘက္က လႉတဲ့သူေတြ တအားမ်ားလို႔ လုံေလာက္စျပဳေနၿပီ ျဖစ္တာေၾကာင့္ သူမက ေရးၿမိဳ႕သို႔ သြားေနတယ္လို႔ ဆိုပါတယ္။ ဒီေန႕ မနက္(၇) နာရီေလာက္ကတည္းက ရန္ကုန္က စထြက္ခဲ့တဲ့ သူမတို႔ ပရဟိတအဖြဲ႕ဟာ မုတၱမေဆး႐ုံးမွာ အလႉေငြ သိန္း(၄၀) တိတိနဲ႕ ေသာက္ေရ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

“မုတၱမ ေဆး႐ုံမွာ ၇ရက္စားသမီးလႉဒါန္းတဲ့ အလႉေငြ ထဲက သိန္း၄၀တိတိနဲ႕ ေရသန႔္ကဒ္တစ္ရာကို မႏၲလာမင္းကအကိုခင္ေအာင္..မလဲ့လဲ့ေအးနဲ႕ အတူ လႉဒါန္းခဲ့ပါတယ္။.ေရေဘးေၾကာင့္အသက္ေပ်ာက္ခဲ့ရတဲ့အေလာင္းေတြကိုေဆး႐ုံမွာေနရာခ်ထားေရးေတြလုပ္ေနရတယ္.။သနားစရာေကာင္းလိုက္တာ…လူေရာစိတ္ေရာပင္ပန္းေနရွာတဲ့ က်မတို႔ညီအကိုေမာင္ႏွမေတ ..ေဘးကင္းၾကပါေစကြယ္..အခုလႉထားတာေလးကိုေစတနာရွင္ေတြ သာဓုေခၚနိုင္ပါေစေနာ္..အခုေရးၿမိဳ႕ကိုဆက္သြားေနပါၿပီ” ဆိုၿပီး ၾသဂုတ္လ(၁၂) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕မွာ ၾသဂုတ္လ(၉)ရက္ေန႕က စတင္ၿပီး မိုးအဆက္မျပတ္႐ြာသြန္းခဲ့မႈေၾကာင့္ တစ္ၿမိဳ႕လုံးေရနစ္ျမဳပ္ခဲ့ကာ ဒီကေန႕ ၾသဂုတ္လ(၁၂)ရက္ေန႕မွာေတာ့ ေရးၿမိဳ႕ေပၚမွာေရက်သြားၿပီး သြားလို႔လာလို႔ရေပမယ့္ ၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာေတြမွာေတာ့ ေရႀကီးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။ သဘာဝေဘးအႏၲရာယ္ခံစားေနရတဲ့ ျပည္သူေတြအတြက္ အျခားေသာ တိုင္း၊ျပည္နယ္မ်ားက ျပည္သူေတြ၊ ပရဟိတအဖြဲ႕အစည္းေတြက အလႉေငြမ်ား ေကာက္ခံေနၿပီး ျပန္လည္ထူေထာင္ေရးေတြအတြက္ ႀကိဳးစာေနတာေတြ ေတြ႕ရပါတယ္။

ယခုလို ေရႀကီးတဲ့ ေနရာကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ကူညီခဲ့တဲ့ ခ်မ္းခ်မ္းအတြက္ကိုလည္း ပရိသတ္ေတြက ခ်ီးက်ဴးစကားဆိုထားၾကပါတယ္။

ခ်မ္းခ်မ္းဟာ Melody World သီခ်င္းဆို ၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ သူဟာ ‘’ တစ္ကယ္ဆိုရင္ အခ်စ္ပဲ လိုတယ္’’ ဆိုတဲ့ ပထမဆုံးတစ္ကိုယ္ေတာ္အေခြကေနတဆင့္ ပရိသတ္အားေပးမႈ အမ်ားႀကီး ရရွိခဲ့တာပါ။ အဲဒီေနာက္ ‘’အိပ္မက္’’ ဆိုတဲ့ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြလည္း ထြက္ရွိခဲ့ပါတယ္။ တတိယေျမာက္ တစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ ‘’ သို႔..’’ ဆိုတဲ့ အေခြကိုေတာ့ ၂၀၁၈ ခုႏွစ္အတြင္းမွာ ေနာက္ဆုံး ထြက္ရွိထားတာပါ။

Credit:duwun

ရေဘေးသင့် ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ လိုက်လံ လှူဒါန်းနေတဲ့ ချမ်းချမ်း

ချမ်းချမ်းက သဘာဝဘေးအန္တရာယ် ခံစားနေရတဲ့ မွန်ပြည်နယ် ရေဘေးသင့် ပြည်သူတွေဆီသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရေးမြို့သို့ သွားနေတယ်လို့ သိရပါတယ်။

ချမ်းချမ်းက ရေဘေးသင့် ပြည်သူတွေအတွက် ရန်ကုန်မှာ ကိုယ်တိုင်ကိုယ်ကျ အလှူလိုက်ခံပြီး ဒီနေ့ (သြဂုတ်လ၁၂ရက်)နေ့မှာ မွန်ပြည်နယ်ဘက်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလို့ နေပါတယ်။ ပေါင်၊ မုတ္တမဘက်က လှူတဲ့သူတွေ တအားများလို့ လုံလောက်စပြုနေပြီ ဖြစ်တာကြောင့် သူမက ရေးမြို့သို့ သွားနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်(၇) နာရီလောက်ကတည်းက ရန်ကုန်က စထွက်ခဲ့တဲ့ သူမတို့ ပရဟိတအဖွဲ့ဟာ မုတ္တမဆေးရုံးမှာ အလှူငွေ သိန်း(၄၀) တိတိနဲ့ သောက်ရေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မုတ္တမ ဆေးရုံမှာ ၇ရက်စားသမီးလှူဒါန်းတဲ့ အလှူငွေ ထဲက သိန်း၄၀တိတိနဲ့ ရေသန့်ကဒ်တစ်ရာကို မန္တလာမင်းကအကိုခင်အောင်..မလဲ့လဲ့အေးနဲ့ အတူ လှူဒါန်းခဲ့ပါတယ်။.ရေဘေးကြောင့်အသက်ပျောက်ခဲ့ရတဲ့အလောင်းတွေကိုဆေးရုံမှာနေရာချထားရေးတွေလုပ်နေရတယ်.။သနားစရာကောင်းလိုက်တာ…လူရောစိတ်ရောပင်ပန်းနေရှာတဲ့ ကျမတို့ညီအကိုမောင်နှမတေ ..ဘေးကင်းကြပါစေကွယ်..အခုလှူထားတာလေးကိုစေတနာရှင်တွေ သာဓုခေါ်နိုင်ပါစေနော်..အခုရေးမြို့ကိုဆက်သွားနေပါပြီ” ဆိုပြီး သြဂုတ်လ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့မှာ သြဂုတ်လ(၉)ရက်နေ့က စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တစ်မြို့လုံးရေနစ်မြုပ်ခဲ့ကာ ဒီကနေ့ သြဂုတ်လ(၁၂)ရက်နေ့မှာတော့ ရေးမြို့ပေါ်မှာရေကျသွားပြီး သွားလို့လာလို့ရပေမယ့် မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာတော့ ရေကြီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ သဘာဝဘေးအန္တရာယ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အခြားသော တိုင်း၊ပြည်နယ်များက ပြည်သူတွေ၊ ပရဟိတအဖွဲ့အစည်းတွေက အလှူငွေများ ကောက်ခံနေပြီး ပြန်လည်ထူထောင်ရေးတွေအတွက် ကြိုးစာနေတာတွေ တွေ့ရပါတယ်။

ယခုလို ရေကြီးတဲ့ နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခဲ့တဲ့ ချမ်းချမ်းအတွက်ကိုလည်း ပရိသတ်တွေက ချီးကျူးစကားဆိုထားကြပါတယ်။

ချမ်းချမ်းဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ ‘’ တစ်ကယ်ဆိုရင် အချစ်ပဲ လိုတယ်’’ ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တာပါ။ အဲဒီနောက် ‘’အိပ်မက်’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ သို့..’’ ဆိုတဲ့ အခွေကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ဆုံး ထွက်ရှိထားတာပါ။

Credit:duwun

Leave a Reply

Your email address will not be published. Required fields are marked *

Releated

“ျမန္မာနိုင္ငံ တိုင္းရင္းေဆး သံတမန္အျဖစ္ ခန႔္အပ္ခံလိုက္ရတဲ့ သူရိယ”

“ျမန္မာနိုင္ငံ တိုင္းရင္းေဆး သံတမန္အျဖစ္ ခန႔္အပ္ခံလိုက္ရတဲ့ သူရိယ” သူရိယကေတာ့ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕ အႏုပညာေလာကမွာ ရပ္တည္ေနတဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ ငယ္စဥ္ကတည္းက “စိန္ဘယက္” ေၾကာ္ျငာထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည္အဝရရွိထားတဲ့ သူတစ္ေယာက္ဆိုလည္းမမွားပါဘူးေနာ္။ လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားေပါင္းေျမာက္ျမားစြာကို ပါဝင္ရိုက္ကူးေနတဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ သူရိယက သူရဲ႕ အခ်စ္ေရးနဲ႕ပတ္သက္လို႔ ပရိသတ္ေတြကို ပြင့္ပြင့္လင္းလင္းနဲ႕ခ်ျပထားၿပီး (၂၀၁၉)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၄)ရက္ေန႕မွာ သူတို႔ခ်စ္သူႏွစ္ဦးရဲ႕ ေစ့စပ္မဂၤလာပြဲကို က်င္းပခဲ့တာပဲျဖစ္ပါတယ္။ သူရိယနဲ႕ ဆုအိမ့္စံတို႔ ခ်စ္သူႏွစ္ဦးဟာ တစ္ဦးကိုတစ္ဦး နားလည္မႈအျပည့္အဝရွိၿပီး ေပ်ာ္႐ႊင္သာယာတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြက Idol Coupleအျဖစ္သတ္မွတ္ျခင္းကို ခံရတဲ့ အတြဲေလးတစ္တြဲလည္းျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ သူရိယဟာ ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့ ျမန္မာနိုင္ငံမွ တိုင္းရင္းေဆးမွတ္တိုင္စာအုပ္ မိတ္ဆက္ပြဲႏွင့္ တိုင္းရင္းေဆး […]

သက္ထားသူဇာ ကမာၻ႔အဆင့္ အဆင့္ ၇၀ အထိ ျမင့္တက္လာၿပီး စက္တင္ဘာလမွစ၍ ၿပိဳင္ပြဲမ်ား ထပ္မံယွဥ္ၿပိဳင္သြားမည္

သက္ထားသူဇာ ကမာၻ႔အဆင့္ အဆင့္ ၇၀ အထိ ျမင့္တက္လာၿပီး စက္တင္ဘာလမွစ၍ ၿပိဳင္ပြဲမ်ား ထပ္မံယွဥ္ၿပိဳင္သြားမည္ ျမန္မာ့လက္ေ႐ြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာသည္ ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က ယေန႕(ၾသဂုတ္လ ၂၀ရက္)တြင္ ေနာက္ဆုံးထုတ္ျပန္လိုက္သည့္ အဆင့္သတ္မွတ္ခ်က္၌ အဆင့္ ၇၃ မွ အဆင့္ ၇၀ သု႔ိ ျမင့္တက္လာေၾကာင္းသိရသည္။ သက္ထားသူဇာသည္ ၾသဂုတ္လ ၁၂ရက္မွ ၁၅ရက္ထိ က်င္းပခဲ့ေသာ ဘူေဂးရီးယား အင္တာေနရွင္နယ္စီးရီး ၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ကြာတားဖိုင္နယ္အဆင့္ထိ ေရာက္ခဲ့ၿပီး ရမွတ္ ၄၅၀ မွတ္ ရရွိခဲ့ေသာေၾကာင့္ ယခင္ရမွတ္ ၂၁၆၀၀ မွတ္မွ ၂၂၀၅၀ အထိ တိုးလာခဲ့ၿပီး ကမာၻ႔အဆင့္ သတ္မွတ္ခ်က္ ျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။ ကမာၻ႔ၾကက္ေတာင္အဖြဲ႕ခ်ဳပ္က အဆင့္သတ္မွတ္ခ်က္မ်ားကို တစ္ပတ္တစ္ႀကိမ္ထုတ္ျပန္ေပးေနၿပီး ယင္းအေတာအတြင္း၌ ၿပိဳင္ပြဲမ်ားယွဥ္ၿပိဳင္၍ ရမွတ္မ်ားစုေဆာင္းနိုင္သည့္ ကစားသမားမ်ားက အဆင့္သတ္မွတ္ခ်က္ […]