မာရီခိုင်
Credit:kumudra
“လတ်တလော သဘာဝဘေးကြောင့် ကျောင်သားကျောင်းသူ ၁၆ ဦးသေဆုံး”
နေပြည်တော်၊သြဂုတ်လ(၁၃)ရက်။လက်တလော ကြုံတွေ့ရတဲ့ သဘာဝဘေးကြောင့် ကျောင်းသား ကျောင်သူ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။
သည်ကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တနားနေချိန် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒုဝန်ကြီးက”မူလတန်းကနေ အထက်တန်းအထိပါတယ်။
ဆုံးသွားတာ ၁၆ယောက်ရှိတယ်။ဆေးရုံတက်တာ၂၈ယောက်ရှိတယ်။”လို့ပြောပါတယ်။
လက်ရှိဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ ကျောင်းသားကျောင်းသူတွေအတွက်လည်း တစ်ဦးကို ကျပ်သုံးသိန်းဆီ ထောက်ပံ့ထားပြီး ကျောင်းသုံးစာအုပ်တွေကို ထောက်ပံပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ ရေးဘေးကြောင့် စာသင်ကျောင်းပေါင်း ၇၀ ကျော်ခန့် ယာယီပိတ်ထားရပြီး ရေကျတာနဲ့ အမြန်ဆုံးပြန်လည်ဖွင့်ကာ အစားထိုးသင်ကြားမှုတွေလည်း ပြုလုပ်သွားမယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။
ဒုဝန်ကြီးက” ကျောင်း ၇၀ ကျော်က မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတွေပါတယ် တနေရာနဲ့တစ်နေရာမတူဘူ၊သဘာဝဘေးဒဏ် စဖြစ်ကတည်းကပိတ်တာပါ”လို့ပြောပါတယ်။ လတ်တလောမှာ ရေးကြီးရေလျှံမှုတွေ ၊
မြေပြိုမှုတွေ ဖြစ်ပွားလျှက်ရှိတာကြောင့်
မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဒေသခံပြည်သူတွေမှာ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးလျှက်ရှိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံစားရမယ့် နိုင်ငံများစာရင်မှာ ပါဝင်နေပြီး ရင်ဆိုင်ခဲ့ရရင်လည်း
တခြားနိုင်ငံတွေထက် တုံ့ပြန်ဆောင်ရွက်မှု အားနည်းနေတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ ပညာရှင်အချို့က ထောက်ပြထားကြပါတယ်။
မာရီခိုင်
TAGS: ပညာရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးဝင်းမော်ထွန်မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး
Credit:kumudra
Leave a Reply
Your email address will not be published. Required fields are marked *
Releated
အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား
အသက် ၆ နှစ်အရွယ် သမီးအရင်း၏ မိန်းမအင်္ဂါအား လက်ဖြင့်နှိုက်သည့် ဖခင်ကို အရေးယူထား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဖခင်ဖြစ်သူမှ အသက် ၆ နှစ်အရွယ် သမီးငယ်၏ မိန်းမကိုယ်အား လက်ဖြင့်နှိုက်သည့်ကိစ္စ သြဂုတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သမီးဖြစ်သူ ဆီးအောင်ဖြစ်သဖြင့် ကျူရှင်မပို့ကြောင်း ဇနီးဖြစ်သူကို ပြောပြသဖြင့် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို သေးခံ အဝတ်ဝတ်ကာ အိပ်စေခဲ့ရာမှ သြဂုတ်လ ၁၈ ရက်က သေးခံအဝတ်တွင် သွေးစအနည်းငယ်တွေ့ရသဖြင့် ကလေးအထူးကု ဆ ရာဝန်ထံသို့ သွားရောက် ပြသခဲ့စဉ် ဖခင်ဖြစ်သူက အိပ်ခန်းကုတင်ပေါ်တွင် လက်ဖြင့်နှိုက်ခဲ့ကြောင်း ဆေးရုံရှိ ဆရာမများရှေ့တွင် ပြောပြခဲ့ကြောင်း သိရသည်။ “အခုလက်ရှိကတော့ တရားခံလို့ ယူဆရတဲ့သူကို […]
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ပုဏ္ဏားကျွန်းမြို့နယ်အဝင်၌ ဒုရဲတပ်ရင်းမှူး ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ဒုရဲတပ်ရင်းမှူးရဲ့ ယာဉ်တန်း သြဂုတ် ၂၀ ရက် မနက် ၁၀ နာရီကျော်လောက်က ပုဏ္ဏားကျွန်းမြို့နယ် အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်နယ်ခြားက ရွာနားမှာ မိုင်းဆွဲခံခဲ့ရတာလို့ နပခ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောပါတယ်။ “ဒုတပ်ရင်းမှူးယာဉ်တန်း မိုင်းတလုံး ဆွဲခံရတာမှန်တယ်။ ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ အဆွဲခံရတာ။ ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်။ သေဆုံးတာကတော့ မသိသေးပါဘူး” လို့ပြောပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်ခွက်ဆိပ်ရွာနဲ့ ပုဏ္ဏကျွန်းမြို့နယ်၊ ဗိုလ်တထောင် ကျေးရွာ အကြားမှာ မိုင်းတလုံးနဲ့ ဂဏန်းတောင်နဲ့ ပြိုင်တောကျေးရွာအကြားမှာ မိုင်းတလုံး စုစုပေါင်း ၂ လုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို မိုင်းတွေ […]