ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်ကို အသေးစိတ်မဖတ်ဘဲ လက်မှတ်ထိုးခဲ့ဟု တိုင်းလျှပ်စစ်ဝန်ကြီးဟောင်း ထွက်ဆို
ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရေးစာချုပ်ကို အသေးစိတ်မဖတ်ဘဲ လက်မှတ်ထိုးခဲ့ဟု တိုင်းလျှပ်စစ်ဝန်ကြီးဟောင်း ထွက်ဆို ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို သေချာစွာမဖတ်ကြည့်ဘဲ သက်သေနေရာတွင် လက်မှတ်ထိုးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဟောင်း ဦးကြည်လှိုင်က Dawei Watch သတင်းဌာနသို့ ပြောသည်။ အဂတိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့၏ သြဂုတ်လ ၁၉ ရက်နေ့ အမှုရုံးချိန်း တရားခွင်အတွင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ကွက်လပ်များပါဝင်နေခဲ့ပြီး ယင်းစာချုပ်ကို တိုင်းတရားလွှတ်တော်သို့ သက်သေခံအဖြစ် တင်သွင်းထားသည်။ တိုင်းအစိုးရတစ်ခုတည်းနှင့်သာ စာချုပ်ချုပ်ဆိုထားသည့် GGS ကုမ္ပဏီသည် နိုင်ငံတော်သို့ ပေးသွင်းရမည့် ဂက်စ်ဖိုးများ မပေးသွင်းခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့်အတူ GGS ကုမ္ပဏီ တာဝန်ရှိသူ များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည်။ […]
YBS မှတ်တိုင်များတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်မည်
YBS မှတ်တိုင်များတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်မည် ရန်ကုန်မြို့ရှိ လူစည်ကားရာ YBS မှတ်တိုင်များတွင် ခရီးသွာပြည်သူများ ဝယ်ယူနိုင်မည့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။ ယနေ့( ဩဂုတ် ၁၉)မွန်းလွဲပိုင်းက ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၄)တွင်ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ သတင်းအချက်အလက်များရယူနိုင်မှုအတွက် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် မြို့တော်ဝန်က ယင်းသို့ ပြောကြားသည်။ “ ရန်ကုန်ရဲ့ မှတ်တိုင်တွေမှာတော့ ဆိုင်ခန်းသေးသေးလေးတွေကို စနစ်တကျပုံစံမျိုးနဲ့ထားပြီးတော့ လူမှုအဖွဲ့အစည်းတွေကို ပေးသုံးမယ်။ ကြက်ခြေနီ၊ မသန်စွမ်း၊ ကင်းထောက်တို့ကို ပေးဖို့လျာထားတယ်။ ဘယ်သူတွေကိုလည်းပေးသင့်တယ်ဆိုတာ အကြံပြုစေချင်ပါတယ်။ ဘက်စ်ကားမှတ်တိုင်ဘေးနားမှာ ဆိုင်ခန်းလေး၊ ကွမ်းယာဆေးလိပ်တော့ ရောင်းခွင့်မပေးဘူးမှန်လုံ ခန်းလေးတော့ရောင်း၊ ခေတ်မီမီနဲ့ ပေးမယ်။ မီးအားသွင်းပေါက်တွေ ထည့်ပေးထားမယ်။ အင်တာနက် free wifi လွှတ် ပေးမယ်။ […]
မြိတ်မြို့၊ ပြင်းငယ်ကျေးရွာတွင် မြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးပျက်စီးဆုံးရှုံး
မြိတ်မြို့၊ ပြင်းငယ်ကျေးရွာတွင် မြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးပျက်စီးဆုံးရှုံး မြိတ်မြို့နယ် ပြင်ငယ်ကျေးရွာအုပ်စု၊ မော်တောင်ကျေးရွာတွင် သြဂုတ်လ ၁၀ ရက်နေ့က မိုးရွာသွန်းမှုကြောင့် တောင်ပြို၍ လူနေအိမ် ၆ လုံး ဖိမိကာ ၃ ရက်နီးပါး ဖယ်ရှား ရှင်းလင်းခဲ့ရပြီး မြေပြိုမှုကြောင့် လူအသေအပျောက် မရှိကြောင်း မြိတ်သတင်းဌာနမှ သိရသည်။ အဆိုပါတောင်မြေ ပြိုမှုကြောင့် လူနေအိမ် ၆ လုံးမှာ လုံး ပျက်စီးသွားခဲ့ပြီး၊ အိမ်ခြေ ၂၀ မှာ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။ “တောင်ပြိုတာ လူနေအိမ်တွေ ဖိမိခဲ့တယ်၊ အခင်းဖြစ်စဉ်က ချက်ချင်း ဖယ်ရှား ရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ စက်ယန္တရား မရှိလို့ပါ၊ ဒါတောင် […]
ရှိသမျှအိမ်မြေများကိုရောင်းပြီး ထန်းလက်တဲထိုးနေ၍ သိန်း ( ၉၅၀ ) ကျော် ဓမ္မာရုံကြီး လှူဒါန်းခဲ့တဲ့ အာဂ ဇနီးမောင်နှံ
ရှိသမျှအိမ်မြေများကိုရောင်းပြီး ထန်းလက်တဲထိုးနေ၍ သိန်း ( ၉၅၀ ) ကျော် ဓမ္မာရုံကြီး လှူဒါန်းခဲ့တဲ့ အာဂ ဇနီးမောင်နှံ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေဟာ ဘာသာတရားကို လွန်စွာကိုင်းရှိုင်းကြပြီး အလှူအတန်းတွေမှာ လက်မနှေးဘဲ သဒ္ဒါတရား ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်ကြပါတယ်။ ထိုသို့ ပေးကမ်းလှူဒါန်းတဲ့အလျောက် ကံ၊ ကံ၏အကျိုးကိုလည်း ယုံကြည်အားကိုးကြသူများဖြစ်ကြပါတယ်။ အထူးသဖြင့် လိုအပ်နေတဲ့ ဘိုးဘွားရိပ်သာ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများကိုလည်း အလှူအတန်းများပြုသလို ဘုန်းကြီးကျောင်း၊ ဘုရားစေတီတည်ခြင်း၊ ထီးတင်ခြင်း၊ ကျောင်းဆောက်လှူဒါန်းခြင်းစတဲ့ မြင့်မြတ်တဲ့အလှူအတန်းတွေကိုလည်း သဒ္ဒါတရားနဲ့ ရက်ရောစွာ လှူဒါန်းကြပါတယ်။ ယခုလည်း မြင်းခြံမြို့ရဲ့ ဒေါင်းတောင်ရွာမှာနေထိုင်ကြတဲ့ အဘိုး ဦးရီနဲ့ အဘွား ဒေါ်တင်ထွေးတို့ ဇနီးမောင်နှံ (၂) ဦးဟာ သူတို့ ပိုင်ဆိုင်တဲ့ အိမ်မြေတွေကို ရောင်းချပြီးတော့ သိန်း(၉၅၀) ကျော်တဲ့ […]
မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးနှင်ခဲ့တဲ့ မြန်မာ ဆိုင်ကယ်သမား နှစ်ယောက် လန်ဒန် ရောက်တော့မည်
မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးနှင်ခဲ့တဲ့ မြန်မာ ဆိုင်ကယ်သမား နှစ်ယောက် လန်ဒန် ရောက်တော့မည် မြန်မာနိုင်ငံကနေ အင်္ဂလန်အထိ မိုင်ပေါင်း ၃၀,၀၀၀ ကျော်ခရီးကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားနေကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ ၂ယောက်ဟာ ဒီနေ့မှာတော့ ဂျာမနီနိုင်ငံကို ရောက်ရှိသွားပါပြီ။ သူတို့ နှစ်ယောက်ဟာ သြဂုတ်လ ၁၆ ရက်နေ့မှာ ဆွီဒင်နိုင်ငံကို ရောက်ရှိခဲ့ကြပြီး နော်ဝေး၊ ဒိန်းမတ် စတဲ့ ဥရောပနိုင်ငံတွေကိုလည်း ဖြတ်ကျော် မောင်းနှင်ခဲ့ပြီးပါပြီ။ မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးကို မောင်းနှင်ကြမယ့် သူတို့ရဲ့ခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သြဂုတ်လ ၂၆ ရက်နေ့ဆိုရင် သူတို့ ခရီးစဉ်က ၃ […]
ရုရှားနိုင်ငံတွင် ကျင်းပသည့် International Army Games ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ရရှိခဲ့သည့်ဆုများ
ရုရှားနိုင်ငံတွင် ကျင်းပသည့် International Army Games ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ရရှိခဲ့သည့်ဆုများ ရုရှားနိုင်ငံတွင် ကျင်းပသည့် International Army Games- 2019ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်က အဆိုအကောင်းဆုံးဆု၊အကအကောင်းဆုံးဆုနှင့် အတီးအကောင်းဆုံးဆုများ ရရှိ… ရုရှားနိုင်ငံ မော်စကိုမြို့ The Mound of Glory တွင် ကျင်းပသည့် International Army Games- 2019ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့က အဆိုအကောင်းဆုံးဆု၊အကအကောင်းဆုံးဆုနှင့် အတီးအကောင်းဆုံးဆုများ ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပြိုင်ပွဲကိုနိုင်ငံပေါင်း ၃၉နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စစ်မြေပြင်စွမ်းရည်ပြိုင်၃၂မျိုး ပါဝင်ကာ မြန်မာ့တပ်မတော်အနေဖြင့် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ယင်းပြိုင် ပွဲများ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် Creative Competition သို့လည်း မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှုအဖွဲ့က […]
လာမယ့်(၃)နှစ်အတွင်းမှာ ဝက်ရဲ့နှလုံးကို လူတွေဆီမှာ အစားထိုးကုနိုင်တော့မည်
လာမယ့်(၃)နှစ်အတွင်းမှာ ဝက်ရဲ့နှလုံးကို လူတွေဆီမှာ အစားထိုးကုနိုင်တော့မည် ဒီသတင်းကဆေးပညာလောကအတွက် သတင်းကောင်းပါပဲ။ လက်ခံမယ့် ခန္ဓကိုယ်နဲ့ ကိုက်ညီတဲ့ ၀က်ရဲ့နှလုံးတိုင်းကို နှလုံးအစားထိုးဖို့ လိုအပ်နေတဲ့ လူနာတွေဆီကို အစားထိုးနိုင်တော့မယ် ဆိုတာပါ။ ဒီအကြောင်းကို ဗြိတိန်နိုင်ငံက စွန့်ဦးတီထွင် ခွဲစိတ်ဆရာဝန် Terence English ကပဲ ပြောခဲ့တာပါ။ ဆရာ Terence English ဟာ လွန်ခဲ့တဲ့ အနှစ်(၄၀)လောက်က နှလုံးအစားထိုးလှဲလယ်မှုကို ဗြိတိန်မှာ ပထမဆုံးအောင်မြင်အောင်ပြုလုပ်နိုင်ခဲ့တဲ့သူပါ။ သူအခုယုံကြည်နေတဲ့အရာက လူသားတွေနဲ့ ၀က်နဲ့ ကြားမှာ နှလုံးအစားထိုး ဖလှယ်လို့ရတဲ့ ဇီနွန်ထရန်ပလန်တေးရှင်းဆိုတဲ့ ဖြစ်ရပ်ကို လာမယ့် သုံးနှစ်အတွင်းမှာ တကယ်အောင်မြင်အောင် လုပ်ဆောင်နိုင်တော့မယ်ဆိုတဲ့ အချက်ပါ။ ဒီအကြောင်းကို မနှစ်တုန်းက လူရဲ့ ကျောက်ကပ်မှာ ၀က်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးမှုကို ပြုလုပ်ဖို့ ကြိုးစားခဲ့တဲ့ မှတ်တမ်းရလဒ်ကို […]
ချုံပုတ်အတွင်း အမျိုးသမီးတစ်ဦး အဝတ်ဗလာဖြင့် သေဆုံးမှုမှ အဓမ္မ ပြုကျင့်သူကို ဖမ်းမိ
ချုံပုတ်အတွင်း အမျိုးသမီးတစ်ဦး အဝတ်ဗလာဖြင့် သေဆုံးမှုမှ အဓမ္မ ပြုကျင့်သူကို ဖမ်းမိ ကျောက်တံခါးမြို့နယ်တွင် ဖခင်ထံဟင်းပို့သွားသည့်အိမ်ထောင်သည်အမျိုးသမီးတစ်ဦး ချုံပုတ်အတွင်းအဝတ်ဗလာဖြင့် သေဆုံးနေမှုမှ အဓမ္မပြုကျင့်သူကိုရဲတပ်ဖွဲ့က သြဂုတ် ၁၅ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ ဩဂုတ် ၅ ရက်နံနက် ၄ နာရီအချိန် ကျောက်တံခါးမြို့နယ် သံပုရာခုံကျေးရွာအုပ်စု သူဌေးကြီးကျေးရွာတွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်းသတင်းအရ ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်လွင် နှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာသူဌေးကြီးကျေးရွာအုပ်စုနေ မ—- ၂၅ နှစ် ဖြစ်ပြီး သူဌေးကြီးကျေးရွာမှ အမြန်လမ်းမကြီးသို့သွားသည့် လမ်း၏ မြောက်ဘက်ခြမ်း (၂)ဖာလုံခန့်အကွာ တောအတွင်းရှိချုံပုတ်အနီး ခန္ဓာကိုယ်တွင် အပေါ်ပိုင်းအဝတ်ဗလာဖြင့် မှောက်ခုံအနေအထား သေဆုံးနေခြင်းဖြစ်သည်။ အလောင်းတွင် နှာခေါင်းဝဲဘက်ခြမ်း သွေးထွက်၊ လျှာအနည်း ငယ်ထွက်၊ နှုတ်ခမ်းကိုက်ထား၊လည်ပင်တစ်ဝိုက်ပွန်းပဲ့ညိုမဲဒဏ်ရာ၊ လက်နှစ်ဖက်လက်သီးဆုပ် လက်မအတွင်းဝင်၊ ယာဘက်နာထင်အနည်းငယ်ပွန်းပဲ့ဒဏ်ရာ၊ […]
အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး နေပြည်တော်မှာ အဓမ္မပြုကျင့်ခံရပြန်ပြီ
အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး နေပြည်တော်မှာ အဓမ္မပြုကျင့်ခံရပြန်ပြီ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ တဲကုန်းရွာတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက်နေ့ ညပိုင်းက တရွာထဲနေ ဦးလေး နှစ်ဝမ်းကွဲ တော်စပ်သူဖြစ်သူ အသက် ၁၉ နှစ် အရွယ် ကျော်ကျော်ဦး ဆိုသူသည် ကလေးငယ်၏ နေအိမ်သို့ လာ၍ ဗီဒီယို ကြည့်ရန် လိုက်ခဲ့ဟု ပြောဆိုကာ ကလေးကို ငလိုက်ချောင်းဘက်သို့ ခေါ်သွားပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သူ့အမေက ခေါင်းရွက်ရောင်းတဲ့ဈေးသည်၊ […]