အိုစမာဘင်လာဒင်၏သားဖြစ်သူ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင်သေဆုံးဟုဆို

အိုစမာဘင်လာဒင်၏သားဖြစ်သူ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင်သေဆုံးဟုဆို အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကိုတည်ထောင်သူအိုစမာဘင်လာဒင်၏သားဖြစ်သူ ဟမ်ဇာဘင်လာဒင်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ပြီဟု အမေရိကန်မီဒီယာများတွင်ဖော်ပြနေကြကြောင်းသိရသည်။ အသက် ၃၀ ခန့်ရှိပြီဟုယူဆရသောဟမ်ဇာသည် အမေရိကန်နှင့်အခြားနိုင်ငံများ ကိုတိုက်ခိုက်ရန်နှိုးဆော်ထားသည့်အသံဖိုင်နှင့်ဗီဒီယိုဖိုင်များ ထုတ်ပြန်ခဲ့ဖူးသူလည်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလကပင် အမေရိကန်အစိုးရက ဟမ်ဇာအား ဒေါ်လာတစ်သန်းဆုငွေ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဟမ်ဇာသေဆုံးသည့်သတင်းကို NBC News ၊ the New York Times နှင့် CNN ကဲ့သို့သောမီဒီယာများက အမည်မဖော်လိုသောအမေရိကန်ထောက်လှမ်းရေး အာဏာပိုင်များ၏ အဆိုအရဖော်ပြခဲ့ကြခြင်းဖြစ်သည်။ အယ်လ်ကိုင်ဒါအဖွဲ့ကလည်း အတည်ပြုချက်မထုတ်ပြန်သေးသည့်အတွက် အယ်လ်ကိုင်ဒါအဖွဲ့၏ နောက်လိုက် များသည် ခေါင်းဆောင်များထံမှတရားဝင်ကြေညာချက်ကိုစောင့်ဆိုင်း နေကြဆဲဖြစ် ကြောင်း သိရသည်။ ယခုအခါ ဟမ်ဇာသေဆုံးသည့်နေရာအတိအကျကိုမသိရှိရသေးသည့်အပြင် ပင်တဂွန်ကလည်း တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိ သေးပေ။ (BBC,1.8.19) အေးယုနိုင် Credit:pyi myanmar

အိပ်ပျော်နေသည်ကို လာနှိုးသူအား တုတ်ဖြင့်ရိုက်သတ်

အိပ်ပျော်နေသည်ကို လာနှိုးသူအား တုတ်ဖြင့်ရိုက်သတ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် တစ်ရွာတည်းနေသူချင်း တုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ အုတ်တွင်းမြို့နယ်၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ကျောက်တလင်း ကျေးရွာ၊ သုဿန်ဇရပ်တွင်နေထိုင်သော နိုင်လင်း၊ ၃၂ နှစ်သည် ဇူလိုင် ၃၁ ရက်၊ ညနေ ၂ နာရီခွဲခန့်က တစ်ရွာတည်းနေ မင်းသူအောင်(ခ)ကုလား၊ ၂၃ နှစ်အား အရှည် ၂ ပေခွဲ၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ ညောင်သားအစိုတုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် နိုင်လင်းသည် ဇူလိုင် ၃၁ ရက်၊ ညနေ ၃ နာရီခန့်တွင် ကျွဲပွဲနယ်မြေရဲစခန်းသို့လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရဲအုပ်သန်းလှိုင်ဝင်းနှင့်အဖွဲ့သည် […]

ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကတ် အတိုးနှုန်းများ တိုးမြှင့်သတ်မှတ်

ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကတ် အတိုးနှုန်းများ တိုးမြှင့်သတ်မှတ် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ်ကတ် (Credit Card) အတိုးနှုန်းများ ဘဏ်တစ်ခုချင်းစီ၏ မူဝါဒအလိုက် အသီးသီးတိုးမြှင့် သတ်မှတ်ကြောင်း ပုဂ္ဂလိကဘဏ်များထံမှ သိရသည်။ အဆိုပါအကြွေးဝယ်ကတ် အတိုးနှုန်းထားများကို ဗဟိုဘဏ်၏ ဧပြီလ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်နှစ်လျှင် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံနိုင်ကြောင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိကဘဏ်များ၏ အကြွေးဝယ် ကတ်နှုန်းထားများကို ယခင်က ၁၀ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းကြား ကောက်ခံရန် ညွန်ကြားခဲ့ရာမှ ၂၀ ရာခိုင်နှုန်းအထိ ပြောင်းလဲ ကောက်ခံရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ဘဏ်များက အကြွေးဝယ်ကတ် နှုန်းထားများကို ယခင်က အနိမ့်ဆုံး ၁၃ ရာခိုင်နှုန်းမှ အမြင့်ဆုံး ၁၆ရာခိုင်နှုန်းအထိ ကောက်ခံရာမှ လက်ရှိတွင် ၂၀ […]

ကျပ် ၁၆ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးနှင့် ပစ္စည်းများ တပ်မတော် ဖမ်းမိ

ကျပ် ၁၆ ဘီလီယံကျော်ဖိုးရှိ မူးယစ်ဆေးနှင့် ပစ္စည်းများ တပ်မတော် ဖမ်းမိ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ကျပ် ၁၆ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါးချက်စက်ရုံနှင့် လူနေတဲ ၉၆ လုံးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၃၀၀၀ ခန့် အကွာ ချောင်းဆုံနေရာ ဝန်းကျင်တဝိုက်မှာ ချက်လုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ သွားရောက် ရှာဖွေ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း ပါရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်က မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာ ဦးကျောက်တဲ့ယုန် နေအိမ်နှင့် ဂိုဒေါင်၌ […]

ရန်ကုန်မြို့ ရေမီတာသုံးစွဲခနှုန်းထား တိုးမြှင့်ရန်ရှိ၊ ရေမီတာခမဆောင်သူများကို ဒဏ်ကြေးကောက်မည်

ရန်ကုန်မြို့ ရေမီတာသုံးစွဲခနှုန်းထား တိုးမြှင့်ရန်ရှိ၊ ရေမီတာခမဆောင်သူများကို ဒဏ်ကြေးကောက်မည် ရန်ကုန်မြို့ ရေမီတာသုံးစွဲခနှုန်းထားကို တိုးမြှင့်ရန်စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးစိန်အုန်းက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် စည်ပင်ပိုင်ပိုက်လိုင်းများဖြင့် သောက်သုံးရေဖြန့်ဝေပေးရာ အရှုံးခံလုပ်ကိုင်နေရသဖြင့် ဈေးနှုန်း ပြောင်းလဲရန်စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ‘‘မီတာခတက်တော့ရေပေးဝေမှု ကုန်ကျစရိတ်လည်း တက်တယ်။ စည်ပင်က လျှပ်စစ်ခလည်းပေးချေရတာလေ။ ဒါ့အပြင် တခြားကုန်ကျစရိတ်တွေကြောင့် တော်တော်ရှုံးနေလို့ ရေမီတာခတိုးမြှင့်ကောက်ယူဖို့ကြိုး စားနေတာဖြစ်ပါတယ်’’ ဟု ဦးစိန် အုန်းက ပြောသည်။ ထိုသို့ ရေမီတာခတိုးမြှင့် ကောက်ယူရန် စာရင်းဇယားတွက်ချက်မှုများ လုပ်ဆောင်နေကာ ပြောင်းလဲမည့် နှုန်းထားထွက်လာပါက အများပြည်သူသို့ ကြို တင်အသိပေးကြေညာမည်ဟု ၎င်းကဆိုသည်။ လက်ရှိရန်ကုန်မြို့တွင် ရေမီတာတစ်ယူနစ်လျှင် ၈၈ ကျပ် နှုန်းကောက်ယူနေပြီး မန္တလေးတွင် တစ်ယူနစ် ၂၀၀ ကျပ်၊ နေပြည်တော်တွင် […]

သံပုရာသီးရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံ (၁၀) ချက်

သံပုရာသီးရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံ (၁၀) ချက် ၁။ ခံတွင်း ကျန်းမာရေး သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။ ၂။ နှုတ်ခမ်းကွဲခြင်း မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။ ၃။ ဆံပင်ကျွတ်ခြင်း အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ […]

ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် ခေါ်စစ်ပေးရန် လျှောက်ထားမှုကို တရားရုံက ပယ်ချ

ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် ခေါ်စစ်ပေးရန် လျှောက်ထားမှုကို တရားရုံက ပယ်ချ ဗစ်တိုးရီးယား၏ မိခင်ဖြစ်သူမှ ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် ရုံးတော်ရှေ့ ခေါ်ဆောင်စစ်ဆေးပေးရန် ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ယနေ့ရုံးချိန်းတွင် ဥပဒေအရာရှိက တင်ပြခဲ့သည်။ “လျှောက်ထားမှုကို တရားသူကြီးက စိစစ်ပေးဖို့ ဥပဒေအရာရှိရုံးကို စာပြန်လွှဲခဲ့တယ်။ ဒီစာနဲ့ ပတ်သက်ပြီး ဥပဒေဘက်က ဒီနေ့ရုံးချိန်းမှာ သဘောထားမှတ်ချက်ပေးတယ်။ ဘယ်လိုပေးလဲဆိုတော့ ဒီလျှောက်ထားမှုက ဥပဒေနဲ့ မညီညွတ်ဘူး။ တရားလိုဘက်က သက်သေအထောက်အထားရှိမယ်ဆို ရဲစခန်းမှာ အမှုအသစ် ပြန်ဖွင့်တာဖြစ်ဖြစ် ဒါမှမဟုတ် ဦးတိုက်လျှောက်ထားခြင်းဖြစ်ဖြစ် လုပ်ဆောင်သင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့တယ်”ဟု တရားလိုဘက်မှ ရှေ့နေ ဒေါ်ရွက်နုအောင်က မီဒီယာများကို ရှင်းပြသည်။ Credit:

ယင်းမာပင်မြို့နယ် လျှပ်စစ်မီးသွယ်တန်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ရဲက ပစ်ခတ်လူစုခွဲ ၄ ဦးဒဏ်ရာရ

ယင်းမာပင်မြို့နယ် လျှပ်စစ်မီးသွယ်တန်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသဖြင့် ရဲက ပစ်ခတ်လူစုခွဲ ၄ ဦးဒဏ်ရာရ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာမှာ ဇူလိုင် ၃၁ ရက်က မီးလိုင်းသွယ်တန်းသူတွေက ရွာထဲက ဖြတ်ကာ အုန်းတောကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်မီးသွယ်တန်းဖို့ လုပ်ဆောင်ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့က လူစုခွဲ ပစ်ခတ်ရာက ရွာသား ၄ ဦး သေနတ်ထိမှန်ကာ မုံရွာဆေးရုံကြီးကို အတွင်းလူနာအဖြစ် ပို့ဆောင် ဆေးကုသမှု ခံယူနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲလင်းအောင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခရိုင်ရုံးမှာ အစည်းအဝေး လုပ်နေဆဲ ဖြစ်တာကြောင့် မဖြေကြားနိုင်သေးတဲ့ အကြောင်းပြောပါတယ်။ ရုန်းရင်းဆန်ခတ်မှုအတွင်း ကိုကျော်ဇင်မောင်၊ ကိုကြည်ထွန်း၊ ဦးမျိုးထွန်း၊ ဦးဘိုကျော်တို့ ၄ ဦးမှာ မစိုးရိမ်ရတဲ့ […]

နေပြည်တော် ဗစ်တိုးရီးယားအမှုကို နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည်

နေပြည်တော် ဗစ်တိုးရီးယားအမှုကို နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည် သက်ငယ် မုဒိန်းမှု တခု ဖြစ်သည့် နေပြည်တော်မှ ဗစ်တိုးရီးယား အမှုကို လာမည့်ရုံးချိန်းများမှစ၍ ဗုဒ္ဓဟူးနေ့တိုင်း နှစ်ပတ်လျှင်တစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း အောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က သြဂုတ် ၁ ရက် ကပြုလုပ်သည့် တတိယအကြိမ်ရုံးချိန်းတွင် မီဒီယာများသို့ ပြောဆိုလိုက်သည်။ “ဗုဒ္ဓဟူးနေ့တိုင်း နှစ်ပတ်ကို တစ်ကြိမ်စစ်မယ် သက်သေက ၂၆ယောက်ဆိုတော့ ၂ယောက်တို့ ၃ယောက်တို့စစ်မယ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကို တရားလိုဘက် သက်သေတွေအကုန်စစ်မယ် ရုံးချိန်းတွေထပ်ချိန်းရရင်တော့ နဲနဲနောက်ဆုတ်သွားမှာပေါ့ “ဟု ဦးခင်မောင်ဇော်က ပြောသည်။ ပြီးခဲ့သည့် ရုံးချိန်းကဗစ်တိုးရီးယား၏ မိခင်ဖြစ်သူ တင်ပြခဲ့သည့် ဆရာမ နှင်းနုကို သံသယတရားခံအဖြစ် ရုံးတော်ရှေ့သို့ ပို့ဆောင်ပေးရန် အချက်ကို ပယ်ချခဲ့ပြီး၊ အခင်းဖြစ်သည့် နေရာသို့ […]

ရုပ်ရှင်ရုံများတွင် ဇာတ်ကားကြီး မပြသမီ ပညာပေးဇာတ်လမ်းတိုများ ပြပေးနိုင်ခြင်းရှိ၊မရှိ လွှတ်တော်တွင် မေးမြန်း

ရုပ်ရှင်ရုံများတွင် ဇာတ်ကားကြီး မပြသမီ ပညာပေးဇာတ်လမ်းတိုများ ပြပေးနိုင်ခြင်းရှိ၊မရှိ လွှတ်တော်တွင် မေးမြန်း နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ဇာတ်ကားကြီး မပြသမီ ပညာပေးဇာတ်လမ်းတို(သို့) ပညာပေးဆောင်ပုဒ်များ ပြသပေးနိုင်ခြင်းရှိမရှိ ကို တွံတေးမဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးမြင့်လွင်မှ ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ ထိုသို့ ပညာပေးဇာတ်လမ်းတိုများပြသပေးခြင်းသည် အများပြည်သူများမှ ရုပ်ရှင် မကြည့် မီ ယင်းသို့ ဖတ်လိုက်ခြင်းဖြင့် ၎င်း တို့၏ ခေါင်းထဲတွင် အသိပညာ များအများကြီးစွဲသွားစေနိုင်သည့် အတွက် မေးမြန်းခြင်းဖြစ်ကြောင်း ဦးမြင့်လွင်ကပြောသည်။ “ပြည်သူတွေကို ဇာတ်လမ်းတိုတွေ ပြပြီးတော့ ပညာပေးလို့ရပါတယ်။ပညာပေး အတိုလေးတွေပြောပြီးတော့ ပြသလို့ ရပါတယ်။အဲ့တော့ ကျသင့်သောအခွန်များကို ပြည့်ပြည့်၀၀ ထမ်းဆောင်ခြင်းသည် နိုင်ငံကြီးသားပီသ မှု၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သည်။အမှိုက်များကို အမှိုက်အိတ် အမှိုက်ပုံး အမှိုက်ကန်မဟုတ်သော […]