အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး နေပြည်တော်မှာ အဓမ္မပြုကျင့်ခံရပြန်ပြီ

အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး နေပြည်တော်မှာ အဓမ္မပြုကျင့်ခံရပြန်ပြီ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ တဲကုန်းရွာတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက်နေ့ ညပိုင်းက တရွာထဲနေ ဦးလေး နှစ်ဝမ်းကွဲ တော်စပ်သူဖြစ်သူ အသက် ၁၉ နှစ် အရွယ် ကျော်ကျော်ဦး ဆိုသူသည် ကလေးငယ်၏ နေအိမ်သို့ လာ၍ ဗီဒီယို ကြည့်ရန် လိုက်ခဲ့ဟု ပြောဆိုကာ ကလေးကို ငလိုက်ချောင်းဘက်သို့ ခေါ်သွားပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “သူ့အမေက ခေါင်းရွက်ရောင်းတဲ့ဈေးသည်၊ […]

၎ နှစ် ၆ လ အရွယ် ယောက်ျားလေး ကလေးငယ်အား ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမစပ်ယှက်သူကို အမှုဖွင့် အရေးယူမှု ဒိုက်ဦးမြို့ ဗျက်ကြီးကျေးရွာ၌ဖြစ်ပွား ….

၎ နှစ် ၆ လ အရွယ် ယောက်ျားလေး ကလေးငယ်အား ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမစပ်ယှက်သူကို အမှုဖွင့် အရေးယူမှု ဒိုက်ဦးမြို့ ဗျက်ကြီးကျေးရွာ၌ဖြစ်ပွား …. (Zawgyi ဖြင့်ဖတ်ရန်) ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာအလယ်ပိုင်းရှိ အဒေါ်တော်သူ ဒေါ်ခင်မာချို၊ ၄၄နှစ်၊ (ဘ) ဦးသိန်း၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်းသူတို့၏နေအိမ်သို့ တူမတော်စပ်သူ မသိင်္ဂီ(ခ)မကျော့ကျော့၊ ၂၄နှစ်၊ (ဘ) ဦးဖိုးဇော်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ ဘုရင့်နောင်လမ်း၊ (၃)ရပ်ကွက်၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းနေသူမှ သားဖြစ်သူ မောင် ××××× ၊ ၄နှစ် ၆လ ၁၄ရက်၊ (မွေးသက္ကရာဇ် ၄.၂.၂၀၁၅)၊(ဘ) ဦးကျော်မျိုးဦး၊ ဗမာ/ဗုဒ္ဓ နှင့်အတူ ၃၀.၇.၂၀၁၉ ရက်နေ့က အလည်ရောက်ရှိနေထိုင်ခဲ့တာဖြစ်ပါတယ်။ အလည်ရောက်ရှိနေထိုင်လျှက်ရှိစဉ် ၁၈.၈.၂၀၁၉၊ […]

အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုကြောင့်( ၈ )တန်းကျောင်းသူတစ်ဦးမှာ ကိုယ်ဝန်(၅) လလွယ်ထားရ

အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရမှုကြောင့်( ၈ )တန်းကျောင်းသူတစ်ဦးမှာ ကိုယ်ဝန်(၅) လလွယ်ထားရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာအုပ်စု၊ ဖွဲ့စင်းမြောက်ဘုရားငါးဆူကျေးရွာမှာ အသက် ၁၃ နှစ် အရွယ် အရွယ် ၈ တန်း ကျောင်းသူတစ်ဦးမှာ အဓမ္မပြုကျင့်ခံရမှုကြောင့် ကိုယ်ဝန်၅လလွယ်ထားရပြီး အဓမ္မ ပြုကျင့်ခဲ့သူကို သြဂုတ်လ ၁၇ ရက်က ဖမ်းဆီးခဲ့ပြီးဖြစ်တယ်လို့ ညောင်ရွှေ မြို့မရဲစခန်းမှ သိရပါတယ်။ အဆိုပါ အဓမ္မ ပြုကျင့်သူမှာ ညောင်ရွှေမြို့နယ်၊ ဘုရားငါးဆူကျေးရွာနေ အဒေါ်ဖြစ်သူရဲ့ ယောက်ျား ဗိုလ်ထွေးဆိုသူဖြစ်ပြီး အဓမ္မပြုကျင့်ခံရသူ ကျောင်းသူမှာ လွန်ခဲ့တဲ့၅ လခန့်က ညောင်ရွှေမြို့နယ်၊ ဘုရားငါးဆူကျေးရွာရှိ အဒေါ်ဖြစ်သူ နေအိမ်ကိုသွားရောက် လည်ပတ်စဉ် ဗိုလ်ထွေးမှ အိပ်ခန်းတွင်းသို့ ဆွဲခေါ်ကာ အဓမ္မ ပြုကျင့်ခဲ့သော်လည်း အမျိုးသမီးငယ်မှာ ရှက်ုပီး မိဘတွေကို တိုင်ကြားခြင်း […]

ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်ကြောင့် လေယာဉ်ခဈေးနူန်း အဆမတန်မြင့်တက်

ရှမ်းမြောက်တိုက်ပွဲဖြစ်စဉ်ကြောင့် လေယာဉ်ခဈေးနူန်း အဆမတန်မြင့်တက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ၁၅ရက်မှစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားမှုတွေကြောင့် လားရှိုးမြို့မှာ လေယာဉ်လက်မှတ်ဝယ်ယူရမှာ ဈေးနှုန်းတွေ အဆမတန်ပေးဝယ်နေရတယ်လို့ လားရှိုးမြို့ဒေသခံတွေထံမှ သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချို၊ကျောက်မဲ၊လားရှိုး၊ကွမ်းလုံဒေသတွေမှာ TNLA၊ AA ၊MNDAA တို့ ပူးပေါင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားမှုတွေရှိနေပြီး တံတားတွေကိုမိုင်းခွဲဖျက်စီးခံရတဲ့ဖြစ်စဉ်တွေလည်းရှိနေကာ သွားလာရေးအဆင်မပြေမှုတွေရှိနေကြောင်း၊ လားရှိုး-ရန်ကုန်လေယာဉ်လက်မှတ်ကို ၂၅၀၀၀၀ကျပ်၊ လားရှိုး-တာချီလိတ်လေယာဉ်လက်မှတ်ကို ၁၈၀၀၀၀ကျပ်ခန့်ပေးဝယ်နေရတယ်လို့ သိရပါတယ်။ “ပွဲစားတွေနားက တဆင့်ဝယ်ရင် လက်မှတ်ခအဆန်မတန်ပေးနေရတယ်။အေးဂျင့်တွေနားကနေ ပိုက်ဆံရှိတဲ့သူတွေ၊ပွဲစားတွေက လက်မှတ်တွေအားလုံးဝယ်ထားလိုက်တာ။တကယ်ခရီးထွက်မယ့်သူတွေက အေးဂျင့်တွေနားသွားဝယ်တော့ မရတော့ဘူး။အေးဂျင့်တွေကလည်းပွဲစားတွေကိုလမ်းညွှတ်ပေးရတာပေါ့။ ပွဲစားတွေနားမှာသွားဝယ်၊သူတို့ကို လက်မှတ်ရသေးလားမေးကြည့်လိုက်ဆိုပြီးတော့ပေါ့။ အဲဒီတော့ ပွဲစားတွေကလည်း ဈေးတင်ပြီ။အဲဒါကြောင့် လက်မှတ်တွေကအခုလိုဈေးများသွားတာပေါ့”လို့ လားရှိုးမြို့ဒေသခံ ကိုနေမျိုးက ရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။ လားရှိုးက လေယာဉ်လက်မှတ်အရောင်းဌာနတွေမှာယခင်က လားရှိုး-ရန်ကုန်လေယာဉ်လက်မှတ်တွေကို အနိမ့်ဆုံး ၁၀၆၀၀၀ကျပ်မှ အမြင့်ဆုံး၁၂၇၀၀၀ကျပ်၊လားရှိုး-တာချီလိတ်လေယာဉ်လက်မှတ်တွေကို အနိမ့်ဆုံး၇၀၀၀၀ကျပ်မှ အမြင့်ဆုံး၉၅၀၀၀ကျပ်၊လားရှိုး-ဟဲဟိုးလေယာဉ်လက်မှတ်တွေကို အနိမ့်ဆုံး၆၁၀၀၀ကျပ်မှ အမြင့်ဆုံး၇၀၀၀၀ကျပ်အထိသာ ရှိခဲ့ရာမှ သြဂုတ်လ၁၇ရက်ကစတင်ပြီး […]

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် မကြိုက်သည့်အချက်များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာ စိန်ဝင်း ဖွင့်ဟ

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် မကြိုက်သည့်အချက်များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာ စိန်ဝင်း ဖွင့်ဟ ညီမဖြစ်သူအတိုင်ပင်ခံ ပုဂ္ဂကိုအပေါ် မကြိုက်သည့် အချက်များရှိကြောင်း အကိုဝမ်းကွဲတော်စပ်သူ အဝေးရောက်ညွန့်ပေါင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းက ပြောသည်။ အကုန်သိသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြည်တော်ပြန် အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ “အန်တီစုပုံစံတွေ ကျွန်တော်မကြိုက်တာတွေ အများကြီးရှိတယ်ဗျ။ အခု ဟုတ်ပြီ တပ်ကလည်းအရွေ့နဲ့ NLD ကလည်းအရွေ့နဲ့ ကျန်တဲ့လူတွေကလည်း အရွေ့နဲ့ ညှိကြတဲ့အချိန်။ တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်မလဲ။ အရင်တုန်းကဟာတွေတော့ သိပ်မပြောကြနဲ့ဗျာ။ ဟုတ်တယ် မဟုတ်လား။ အဲဒီလိုရှိရမယ်။သို့သော်လည်းပဲ ပြန်ကြည့်လိုက်တဲ့အခါကြတော့ အပြင်ကလူတွေ ကျွန်တော်မဟုတ်ဘူး။ ပြောတာတွေ ဆိုတာတွေ။ ကျွန်တော်နားထောင်တာ။ ကြားတာကိုပြောတာ။ အတွင်းကလူတွေက မကြိုဆို ဘူးတဲ့။ လာကြပါ။ ခင်ဗျားတို့အပြင်မှာ […]

မြန်မာနိုင်ငံတွင် နောင် ၁၀ နှစ်အတွင်း မြေနုကျွန်းများ ပျောက်ကွယ်သွားနိုင်ဟုဆို

မြန်မာနိုင်ငံတွင် နောင် ၁၀ နှစ်အတွင်း မြေနုကျွန်းများ ပျောက်ကွယ်သွားနိုင်ဟုဆို မြန်မာနိုင်ငံတွင် နောင်လာမည် ၁၀နှစ်တာ ကာလအတွင်း မြေနုကျွန်းများ ပျောက်ကွယ်သွားနိုင်ကြောင်း ရေအရင်းမြစ်ဆိုင်ရာ ပညာရှင် ဦးချိုချိုကပြောသည်။ ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)တွင် ယနေ့ ( သြဂုတ်လ၁၈ရက်)က ပြုလုပ်သည့် “ကမ္ဘာရာသီ ဥတုပြောင်း လဲခြင်းနှင့် မြန်မာနိုင်ငံ”ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာပညာရှင်များဟောပြော ဆွေးနွေးပွဲစဉ် ဦးချိုချိုက ထည့်သွင်း ပြောကြား ခြင်းဖြစ်သည်။ “မြေနုကျွန်း လုလို့ လူတွေသေကုန်ကျတယ်။ နောက် အဲ့လို သေစရာမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နောက် လေး၊ငါး၊ဆယ်နှစ် လောက်ကျရင် မြေနုကျွန်းဆိုတာရှိတော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့မြေနုကျွန်း မရှိတော့တာလဲ၊ မြေနုကျွန်းဆိုတာ အပေါ်ယံ မြေ ဆီကို တိုက်စားပြီးတော့ ရေတွေက မြစ်ကြောင်းအတိုင်း သယ်ချလာလို့ အဲဒါတွေက သဘာဝမြေသြဇာတွေဖြစ်ပြီးတော့ မြေနု […]

Big 7 Travel က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းထဲတွင် ငပလီပါဝင်

Big 7 Travel က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းထဲတွင် ငပလီပါဝင် Zawgyi ဖြင့်ဖတ်ရန် သဲသောင်ဖြူလွလွ၊ ရေပြာကြည်လဲ့လဲ့တို့ရှိရာ ကမ်းခြေလှလှများ ကမ္ဘာပေါ်တွင် များစွာရှိသဖြင့် မည်သည့်ကမ်းခြေက အလှဆုံးဆိုသည်မှာ ရွေးရခက် လှသည်။ သို့သော် Big 7 Travel က ကမ္ဘာ့အ ကောင်းဆုံးကမ်းခြေ ၅၀ ဆိုသည့်စာရင်းကို ပြုစု ထုတ်ပြန်လိုက်သဖြင့် ခရီးသွားများ ခေါင်းစားစရာမ လိုဘဲ အလှဆုံး၊ အကောင်းဆုံးကမ်းခြေကို သိနိုင် ပေပြီ။ ကမ္ဘာ့အကောင်းဆုံးကမ်းခြေများကို သိရရန် စာဖတ်သူပေါင်း ၆၁၀၅ ဦး၏သဘောထားကို စုံစမ်းမေးမြန်းသည့်အပြင် အွန်လိုင်းသဘောထား စစ်တမ်းများကိုလည်း မှီငြမ်းထားသည်။ ထိုအခါ ခရိုအေးရှားရှိ Golden Horn Beach ဟု လူသိများသည့် Zlatni […]

မန္တလေးကွန်ဗင်းရှင်းစင်တာကို ကျောက်စိမ်းရောင်းဝယ်ရေးဌာနအဖြစ်ထားရှိပြီး အင်တာနက်မှတဆင့် အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင် ကြော်ငြာများဖြန့်ဝေနေ

မန္တလေးကွန်ဗင်းရှင်းစင်တာကို ကျောက်စိမ်းရောင်းဝယ်ရေးဌာနအဖြစ်ထားရှိပြီး အင်တာနက်မှတဆင့် အရောင်းအဝယ်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင် ကြော်ငြာများဖြန့်ဝေနေ မန္တလေးကွန်ဗင်းရှင်းစင်တာကို ရောင်းဝယ်ရေးစင်တာအဖြစ်ထားရှိပြီး ကျောက်စိမ်းကိုအင်တာနက်မှတဆင့် တိုက်ရိုက်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင် ကြော်ငြာများဖြန့်ဝေနေ ကြောင်း သတင်းရရှိသည်။ ကျောက်စိမ်းဈေးရောင်းပွဲကို Mandalay MCC Jade Market ကုမ္ပဏီလီမိတက်တို့က ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး အင်တာနက်မှတဆင့် ရောင်းဝယ်ခြင်းပြုလုပ်မှုအတွက် တရုတ်-မြန်မာဖက်စပ်ကုမ္ပဏီဖြစ်သည့် Global Myanmar Jade Development ကုမ္ပဏီ၏ Sever ကို အသုံးပြုမည်ဖြစ်ကြောင်း၊ ဤကျောက်စိမ်းဈေးရောင်းပွဲ သည် တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်းလုံးနှင့် စီးပွားရေးဆောင်ရွက်မှုတိုးတက်လာပုံ၏ ပြယုဂ်ဖြစ်ကြောင်းလည်း ယင်းကြော်ငြာတွင် ဖော်ပြထားသည်။ Mandalay Convention Center (MCC) တွင် ကျောက်စိမ်းကို အင်တာနက်မှ တိုက်ရိုက်ရောင်းချရေးဌာနပြုလုပ် မည်ဟု တရုတ်နိုင်ငံတွင် ကြော်ငြာထားခြင်းနှင့်ပတ်သက်၍ (MCC) အား တင်ဒါအောင်မြင်ထားသူ […]

လွိုင်လင်မြို့နယ်တွင် ကျပ် ၁၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

လွိုင်လင်မြို့နယ်တွင် ကျပ် ၁၂ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်အတွင်း၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့၏ အနောက်ဘက် ၁ မိုင်ခန့် အကွာရှိ ဟိုတင့်ကျေးရွာအနီး၌ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသော ကျပ်သိန်းပေါင်း ၁၂၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများအား သြဂုတ်လ ၁၆ ရက်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဖြတ်သန်း သွားလာမှုများကို စစ်ဆေးနေစဉ် သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီခန့်တွင် လွိုင်လင်မြို့ ဘက်မှ တောင်ကြီးမြို့ဘက်သို့ စိုင်းအောင်နိုင်ထွန်း မောင်းနှင်၍ နော်ဂျာ လိုက်ပါလာသည့် Isuzu အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ နောက်ကြမ်းခင်းအတွင်း […]

ဩဂုတ်လ တတိယ (၁၀) ရက်ပတ်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင် (မိုးဇလ)

ဩဂုတ်လ တတိယ (၁၀) ရက်ပတ်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်နိုင် (မိုးဇလ) ဩဂုတ် တတိယ ၁၀ ရက်ပတ်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင် ဩဂုတ်လ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ အနောက်တောင် မုတ်သုံလေကတော့ အားအသင့်အတင့်မှ အားကောင်းနိုင်တယ်လို့ ဆိုပါတယ်။ မိုးရွာသွန်းမှုအခြေအနေကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ကရင်နဲ့မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည် နယ်တို့မှာ ရွာသွန်းမြဲခန့် ရွာနိုင်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ […]