ရန်ကုန်တက္ကသိုလ်တွင် ဂျပန်စာ ၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား အခမဲ့သင်ကြားနိုင်ပြီ

ရန်ကုန်တက္ကသိုလ်တွင် ဂျပန်စာ ၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား အခမဲ့သင်ကြားနိုင်ပြီ ရန်ကုန်တက္ကသိုလ်ဝင်းတွင် ဂျပန်၊ အင်္ဂလိပ်စာ နှင့် ကွန်ပျူတာ ပညာရပ်များအား အခမဲ့သင်ကြားနိုင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။ လှိုင်နယ်မြေ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ T3 နှင့် T4 တို့တွင် ဂျပန်စာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ Basic Course နှင့် ကွန် ပျူ တာ Networking Course များအား အင်းလျား ပုံရိပ်အဖွဲ့ မှ အခမဲ့သင်ကြားပေးမည်ဖြစ်ပြီး ယင်းဘာသာရပ်များအား သံဃာ တော်များအပါအဝင် စိတ်ပါဝင်စားသူ မည်သူမဆိုအား အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။ အဆိုပါ အခမဲ့သင်ကြားပေးနေမှုအား အပတ်စဉ် တနင်္လာမှ သောကြာနေ့ထိ ညနေ ၃ နာရီမှ […]

သွားလာဖို့ခက်ခဲတဲ့ရေဘေးသင့်ဒေသတွေဆီ ကိုယ်တိုင်သွားရောက်အလှူလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

သွားလာဖို့ခက်ခဲတဲ့ရေဘေးသင့်ဒေသတွေဆီ ကိုယ်တိုင်သွားရောက်အလှူလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ ခိုင်နှင်းဝေဟာ ရေဘေးဒဏ်ခံစားနေရတဲ့ ကျုံဒိုးမြို့နယ်၊ ကော့လျှမ်းကျေးရွာမှာ လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ကားလမ်းပိတ်တာတွေကြောင့် အခက်အခဲတွေများခဲ့ပါတယ်တဲ့။ ကျန်ရှိနေတဲ့ဘဝမှာ ကလေးလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမယ်ဆိုတဲ့ ခိုင်နှင်းဝေ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေဟာ ရေဘေးသင့်ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒီလို သွားရောက်လှူဒါန်းတဲ့အခါမှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့တယ်လို့ဆိုပါတယ်။ ‘’ရေဘေးအလှူခရီးစဉ် ကျုံဒိုးမြို့နယ်၊ ကော့လျှမ်းကျေးရွာရွှေ့ပြောင်းအလုပ်သမားများ။ အလှူပစ္စည်းကားကို မနေ့ညနေကတည်းက ရန်ကုန်ကနေလွှတ်ထားပေမယ့် လမ်းအခက်အခဲ,ရေတက်မှု,ကားပိတ်ဆို့မှုကြောင့် ဒီနေ့ နေ့လည်၁နာရီမှရွာကိုပစ္စည်းတွေရောက်ပါတယ်ရှင်။ ကျွန်မလည်းအလှူပစ္စည်းကားကို ဘားအံမှာ စောင့်ပြီး ဘားအံမှ ၁:၃၀မိနစ်ကြာသွားရတဲ့ကျုံဒိုးကိုထွက်လာတာ ကားတွေပိတ်တော့ လှူမယ့်နေရာကိုည၆နာရီထိုးခါနီးမှရောက်ပါတယ်’’ လို့ သူကဆိုပါတယ်။ အဲဒီနောက် အချိန်မရတဲ့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း အလှူလုပ်ဖို့ရာ အခက်အခဲရှိခဲ့တာကြောင့် […]

မွန်ပြည်နယ်ရေဘေးအတွက် ကိုယ်တိုင်လမ်းပေါ်ထွက်အလှူခံရာမှ အလှူငွေ ၂၃၅၀၀၀၀ ကျပ်ရရှိခဲ့တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

မွန်ပြည်နယ်ရေဘေးအတွက် ကိုယ်တိုင်လမ်းပေါ်ထွက်အလှူခံရာမှ အလှူငွေ ၂၃၅၀၀၀၀ ကျပ်ရရှိခဲ့တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော် ဝါရင့် သရုပ်ဆောင်တစ်ဦး မျိုးစန္ဒီကျော်ဆိုရင် ယနေ့တိုင် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာဘက်တွင် သာ ထူးချွန်အောင်မြင်သူတစ်ဦးမဟုတ်ပဲ စီးပွားရေးဘက်မှာလည်း စီမံခန့်ခွဲ ဦးစီးဦးဆောင် လုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံရှိ တစ်ချို့ပြည်နယ်တွေမှာ ရေဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ရေဘေးသင့်သူများ ကူညီနိုင်ရေးအတွက် သရုပ်ဆောင် မျိုးစန္ဒီကျော် ဦးစီးတဲ့ အလှူခံအဖွဲ့က အင်တိုက်အားတိုက်ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ ဒီအကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပြီး ရေဘေးသင့်ဒေသများကိုသွားရောက်လှူဒါန်းရန်အတွက် M&S Fashion Shop Family စာနာကူညီရေးအဖွဲ့ မှ မနက်ပိုင်းမှာ စိန်ဂေဟာ စင်တာ လှည်းတန်းနဲ့ […]

လက်နက်ကြီးထိပြီး ကွယ်လွန်သွားတဲ့ လာရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ ဥက္ကဌအတွက် ဦးကျော်သူရဲ့ ဝမ်းနည်းမှတ်တမ်း ” မြေဇာမြက်ခင်းလူသားများ။”

လက်နက်ကြီးထိပြီး ကွယ်လွန်သွားတဲ့ လာရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ ဥက္ကဌအတွက် ဦးကျော်သူရဲ့ ဝမ်းနည်းမှတ်တမ်း ” မြေဇာမြက်ခင်းလူသားများ။” မြေဇာမြက်ခင်းလေးတွေက ပါတ်ဝန်းကျင်ရှုခင်းကို စိမ်းလန်းစေသည်။ ငြိမ်းချမ်းစေသည်။ လှပစေသည်။ သာယာစေ၏။ မြက်ခင်းစိမ်းလေးများပေါ်တွင် ကလေးငယ်များ ဆော့ကစားကြသလို လူကြိးများအတွက်ကျန်းမာရေးအရ သက်တောင့်သက်သာလမ်းလျှောက်ခွင့်ပေးသည်။ အားကစားလုပ်ခွင့်ပေးသည်။ပြေးလွှားခွင့်ပေး၏။ သို့သော် သူတို့၏ အနင်းကို ခံရသည်။ အဖိခံအနင်းခံ ရသည့်ဘ၀နှင့် ရပ်တည်နေရသလို ခြေချော်လဲခြင်း၊မှောက်ယက်လဲခြင်း၊မူးမေ့လဲခြင်းဖြစ်ပါကလည်း လူသားတို့ထိခိုက်အနာတရမဖြစ်အောင်ဖေးမပေးနေသည့် မြေဇာမြက်ခင်းကလေးများပင်ဖြစ်တော့သည်။ ယခုတော့ အနင်းခံ၊အဖိခံ ရယုံတင်မက တူးဆွ ကော်ထုတ် လွှတ်ပစ်ဖယ်ရှားခြင်းကိုပါခံခဲ့ရတော့သည်။ မြေဇာမြက်ခင်းလေးများနှင့် ဘ၀တူများဖြစ် ကြသည့် ကျွန်တော်တို့ ပရဟိတသမားများ သည် လူမျိုးဘာသာ ဆင်းရဲချမ်းသာ မိတ်ဆွေရန်သူမခွဲခြားဘဲ ဒုက္ခရောက်သူအားလုံးတို့အား ကူညီဖေးမ၊အသက်ကယ်တင်ပေးနေရသော်လည်း အနင်းခံ၊အဖိခံရယုံတင်မက တူးဆွဖယ်ရှားလွှတ်ပစ်ခြင်းကို ယနေ့နံနက်တွင် ခံခဲ့ရလေပြီ။ ယနေ့နံနက်တွင် ညီနောင် ပရဟိတအဖွဲ့ဖြစ်သော”လားရှိုးလူငယ် လူနာတင်ကား” […]

မကွေးရှိ ကျောက်မီးသွေးလုပ်ကွက်တစ်ခု၌ အမျိုးသမီး ၁ ဦး မြေပိ သေဆုံး

မကွေးရှိ ကျောက်မီးသွေးလုပ်ကွက်တစ်ခု၌ အမျိုးသမီး ၁ ဦး မြေပိ သေဆုံး မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်၊ရွှေစက်တော်-ငဖဲ တောလမ်းဘေးရှိ ဟန်ထက်ကျောက်မီးသွေး ကုမ္ပဏီလုပ်ကွက်အတွင်း သြဂုတ် ၁၆ ရက် မွန်းလွဲပိုင်းက ကျောက်မီးသွေး ကောက်စဉ် ကျောက်ကမ်း ပါးရံ ကျောက်ချပ် ခန္ဓာကိုယ်ပေါ် ပြုတ်ကျပြီး အမျိုးသမီး တဦးသေဆုံးခဲ့ကြောင်း စကုရဲစခန်းက သိရ သည်။ အဆိုပါလုပ်ကွက်အတွင်း ယင်းနေ့က အမျိုးသမီး ၄ ဦး ကျောက်မီးသွေးအတူ ကောက်နေစဉ် သေဆုံး သူ မတင်နု၏ ခါးပေါ်သို့ မြေပြိုကျခဲ့ခြင်းဖြစ်ကြောင်း မီးသွေးအတူကောက်သူ ဒေါ်ရီချိုက ပြောကြား သည်။ “အဲဒီလုပ်ကွက်မှာ ပထမတော့ အလုပ်လုပ်ပါတယ်။ဒီကြားထဲမှာ မိုးရွာတော့ ၁၀ ရက်လောက် နားရပါ တယ်။အဲဒီအချိန်မှာ စားဖို့သောက်ဖို့ကလည်း အဆင်မပြေတော့ အလုပ်ပြန်လုပ်ချင်တယ်လို့ […]

ရေဘေးသင့်အိမ်ထောင် (၉၂)စုအတွက် (၅)သောင်းကျပ်စီ ထောက်ပံ့ခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း

ရေဘေးသင့်အိမ်ထောင် (၉၂)စုအတွက် (၅)သောင်းကျပ်စီ ထောက်ပံ့ခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ် ရေဘေးဒုက္ခကြောင့် လူပေါင်းသောင်းနဲ့ချီပြီး အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပရဟိတအသင်းတွေကလည်း ကူညီကယ်ဆယ်ရေးတွေ အင်တိုက်အားတိုက် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး ဝေဠုကျော်ရဲ့ ဝေဠုကျော် လူမှုကယ်ဆယ်ရေး ဖောင်ဒေးရှင်းမှလည်း ရေဘေးသင့်ပြည်သူများအတွက် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့အချိန်ကစပြီး ကူညီကယ်ဆယ်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝေဠုကျော် လူမှုကူညီကယ်ဆယ်ရေး ဖောင်ဒေးရှင်းမှ ရေဘေးသင့်ခဲ့တဲ့ မွန်ပြည်နယ်၊ ရေးမြို့၊ ကျောင်းရွာရှိ ရေဘေးသင့်အိမ်ထောင် တစ်အိမ်ထောင်ကို (၅) သောင်းကျပ်နှုန်းနဲ့ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ အိမ်ထောင်စု (၉၂) စုကို (၅) သောင်း ကျပ်နှုန်းနဲ့ လှူဒါန်းခဲ့တဲ့အတွက် အလှူငွေကတော့ စုစုပေါင်း (၄၆) သိန်းဖိုးတိတိ လှူဒါန်းခဲ့တာပဲ […]

လားရှိုးမြို့က လူနေအိမ်အချို့ပေါ် လက်နက်ကြီးကျ၊ ကလေးတစ်ဦး ဒဏ်ရာရ

လားရှိုးမြို့က လူနေအိမ်အချို့ပေါ် လက်နက်ကြီးကျ၊ ကလေးတစ်ဦး ဒဏ်ရာရ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က လားရှိုးမြို့က လူနေအိမ် တချို့ပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ကလေးတယောက် ဒဏ်ရာရခဲ့ပါတယ်။ အောင်သစ္စာတိုးချဲ့ရပ်ကွက်မှာ ဖြစ်ခဲ့ပြီး အဲဒီရပ်ကွက်က လူတွေအားလုံး တိမ်းရှောင်နေကြပါတယ်။ ယာဉ်လိုင်းပေါင်းစုံ မေတ္တာစမ်းရေ လူမှုရေးအဖွဲ့က ကိုပြည့်စုံအောင်က “အိမ် ၅ လုံးလောက်ကို ထိတယ်။ တလုံးကတော့ တော်တော်ပျက်စီးသွားတယ်။ ကလေးတယောက်တော့ ဒဏ်ရာနည်းနည်း ရသွားပါတယ်။ ပွန်းပဲ့ဒဏ်ရာပါ။ မစိုးရိမ်ရပါဘူး။ လက်နက်ကြီးကတော့ တလုံးပဲ ကျတာပါ။ ကျနော်တို့ အဲဒီက လူ ၁၀၀ လောက်ကို ခေါ်လာခဲ့ပါတယ်” လို့ ပြောပါတယ်။ အဲဒီရပ်ကွက်ဘက်က လူတွေကို မန်ဆူရှမ်းကျောင်းမှာ ယာယီရွှေ့ပြောင်းပေးထားပြီး ကိုယ့်ဘာသာ ရောက်လာသူတွေ အပါအဝင် […]

လူနာသွားကောက်သည့် မေတ္တာရှင်လူမှုကူညီရေး(နမ့်ဖက်ကာ) မှ ယာဉ် အပစ်ခတ်ခံရပြီး တစ်ဦးကျည်ဆံထိမှန်

လူနာသွားကောက်သည့် မေတ္တာရှင်လူမှုကူညီရေး(နမ့်ဖက်ကာ) မှ ယာဉ် အပစ်ခတ်ခံရပြီး တစ်ဦးကျည်ဆံထိမှန် လူနာသွားကောက်သည့် မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖက်ကာ) မှ မော်တော်ယာဉ် ပစ်ခတ်ခံရပြီး တစ်ဦးတွင် ပုခုံးကျည်ရှပ်ထိ နမ့်ဖက်ကာ၊ သြဂုတ် ၁၇ (သတင်းတမန်) – လူနာသွားကောက်သည့် မေတ္တာရှင် လူမှုကူညီရေးအသင်း(နမ့်ဖက်ကာ)မှ လူနာတင်ယာဉ်တစ်စီးသည် နမ့်ဖက်ကာအထွက်တွင် ပစ်ခတ်ခံရပြီး လူတစ်ဦး ပုခုံးကျည်ရှပ်ထိဒဏ်ရာရရှိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါအသင်းတာဝန်ရှိသူတစ်ဦးက “တပ်က အကူအညီတောင်းလို့ လူနာသွားကောက်တာ။ တို့က သွားတော့ လမ်းမှာ တပ်အဖွဲ့နဲ့မဆုံတော့ ရှေ့ဆက်မောင်းသွားရင်းနဲ့ နည်းနည်းကျော်သွားတယ်။ အဲဒီမှာ ပစ်ခံရတာပဲ။ ကားကတော့ ရှေ့မှန်လုံးဝကွဲသွားတယ်။ တစ်ဦးကတော့ ပုခုံးကိုကျည်ရှပ်မှန်တယ်” ဟု သတင်းတမန်သို့ ပြောသည်။ နမ့်ဖက်ကာသစ်တောရှေ့ (လျှပ်စစ်ဓာတ်အားခွဲရုံ)နားတွင်းပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။ ယနေ့ နေ့လည်ပိုင်းကလည်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်တစ်စီးသည် လက်နက်ကြီးဖြင့် […]

ငွေကြေးဥစ္စာချမ်းသာဖို့အတွက် ချစ်သူကောင်မလေးကို (၈)လကြာ အရှင်လတ်လတ် မြေမြုတ်ခဲ့သူ(video file)

ငွေကြေးဥစ္စာချမ်းသာဖို့အတွက် ချစ်သူကောင်မလေးကို (၈)လကြာ အရှင်လတ်လတ် မြေမြုတ်ခဲ့သူ(video file) အာဖရိကတိုက်အရှေ့ပိုင်းနိုင်ငံတစ်ခုဖြစ်သည့် တန်ဇန်းနီးယန်းနိုင်ငံတွင် ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝဖို့ ရိုးရာဓလေ့ဆုတောင်းသည့်အနေနှင့် ချစ်သူကောင်မလေးကို မြေကြီးတွင်းထဲ အရှင်လတ်လတ် မြေမြုတ်ထားခဲ့မှုတစ်ခုကို တာဝန်ရှိသူများက (၈)လ ကြာပြီးမှ သိရှိခဲ့ပြီးနောက် သွားရောက် ကယ်တင်ခဲ့ရသည်။ မြေကျင်းထဲအမြုတ်ခံထားရသော အမျိုးသမီးမှာ မူလက အလွန်လှပပြေပြစ်သည့် အမျိုးသမီးဖြစ်ခဲ့ပေမယ့် ပြန်လည်ကယ်ထုတ်ခဲ့တဲ့အခါ အရိုးအပြိုင်းပြိုင်းနှင့် ချိနဲ့ယိုင်ရွဲ့နေတာကို တွေ့ခဲ့ရပါတယ်။ သူမရဲ့ ရည်းစားက သူမကို အဝတ်အစားဗလာနဲ့ ၈ လ လုံးလုံး မြေအောက်ကျင်းထဲမှာ ထည့်ထားခဲ့ပြီး အစားအစာကိုလည်း နှစ်ပတ်နေမှ တစ်ခါသာ လာကျွေးခဲ့ပါတယ်။ ကယ်တင်ခဲ့တဲ့အချိန် သူမရဲ့ အခြေအနေဘယ်လောက်တောင် ဆိုးရွားခဲ့လဲဆိုတာ ဗီဒီယိုတွင် မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့အိမ်နီးချင်းဖြစ်သူက သတင်းပေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လာရောက်ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမျိုးသမီးကို အရှင်လတ်လတ် […]

ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်ထားတဲ့ မျက်လုံး ပြန်မြင်ရပြီဆိုတဲ့ ဦးမန်းဝင်း

ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်ထားတဲ့ မျက်လုံး ပြန်မြင်ရပြီဆိုတဲ့ ဦးမန်းဝင်း ပရိသတ်တွေရဲ့ ချစ်ခြင်းကို ယနေ့ထက်တိုင် ပိုင်ဆိုင်ရရှိနေဆဲ ဖြစ်တဲ့ ဟာသလူရွှင်တော် ဦးမန်းဝင်းကတော့ သူအဖြစ်ချင်ဆုံး ဆန္ဒ တစ်ခု ပြည့်ဝခဲ့ပါပြီ။ရောဂါကြောင့် ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်ထားတဲ့ သူ့ရဲ့ မျက်လုံးတစ်စုံ အခုဆိုရင် ပြန်မြင်ရတော့မယ်လို့ ဆိုပါတယ်။ ဟာသလူရွှင်တော် ဦးမန်းဝင်းကတော့ ဘယ်တော့မှ ရောဂါကြောင့် ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်ထားတဲ့ သူ့ရဲ့ မျက်လုံးတွေ ပြန်မြင်ရတော့မှာ ဖြစ်လို့ ဝမ်းသာလို့ နေပါတယ်။ ဦးမန်းဝင်းရဲ့ မျက်လုံးအတွက် စင်ကာပူက ခွဲစိတ်ဆရာဝန်ကြီးက ခွဲစိတ်ဖို့အတွက် တာဝန်ယူပေးခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ(၁၆) ရက်နေ့က ဦးမန်းဝင်းရဲ့ မျက်လုံးကို ဂရန်းဟန်သာ ဆေးရုံမှာ ခွဲစိတ်မှု လုပ်ပြီးခဲ့တာ ဖြစ်ပြီး ခွဲစိတ်မှု […]