လားရှိုးမှပြေးဆွဲပေးနေတဲ့ မော်တော်ယာဉ်လိုင်းများ ယာယီရပ်နားထားပေမယ့် မီးရထားခရီးစဉ်ကို ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီဖြစ်

လားရှိုးမှပြေးဆွဲပေးနေတဲ့ မော်တော်ယာဉ်လိုင်းများ ယာယီရပ်နားထားပေမယ့် မီးရထားခရီးစဉ်ကို ပုံမှန်အတိုင်းပြေးဆွဲပေးနေပြီဖြစ် ဩဂုတ်လ (၁၅)ရက်နေ့မနက်ပိုင်းက နောင်ချိုမြို့အနီးဝန်းကျင်နဲ့ ဂုတ်တွင်းလမ်းပိုင်းမှာ တိုက်ပွဲများဖြစ်ပွားခဲ့တာကြောင့် ဂုတ်တွင်းတံတားထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဂုတ်တွင်း တံတားကို ယာယီဘေလီသံဘောင်တံတားအဖြစ် ငါးရက်အတွင်း အစားထိုးပြုပြင်ဆောင်ရွက်မှာဖြစ်တာကြောင့် လားရှိုးကနေပြေးဆွဲပေးနေတဲ့ မော်တော်ယာဉ်လိုင်းအားလုံး ခရီးစဉ်ယာယီရပ်နားထားရတဲ့အတွက် လေယာဉ်ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲပေးနေသလို မီးရထားခရီးစဉ်ကိုလည်း ဩဂုတ် (၁၇)ရက် ဒီနေ့မနက်ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာလင်းက ပြောပြထားပြီး လားရှိုး-မန္တလေးမီရထားလမ်းပိုင်းမှာ လုံခြုံရေးစိတ်ချရတဲ့အနေအထားဖြစ်တဲ့အတွက် (၁၃၂)အစုန်လူစီး ရထားကို ဒီကနေ့မနက်(၅)နာရီအချိန်က ခရီးသည် စုစုပေါင်း (၁၅၃)ဦးနဲ့ လားရှိုးဘူတာကနေ စတင်ထွက်ခွာ သွားပြီဖြစ်တယ်လို့ လားရှိုးဘူတာကြီးမှ အထူးတန်းရုံပိုင်ကြီး ဦးလှမြင့်ကလည်း အခုလိုပြောပြထားကြောင်း မြန်မာ့အသံ သတင်းဌာနတွင်ဖော်ပြထားပါတယ်။ လက်ရှိမှာ ဂုတ်တွင်းတံတားကို ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်နေတာဖြစ်တဲ့အတွက် လားရှိုးမြို့ကနေ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ မြို့များသို့ ပြေးဆွဲပေးနေတဲ့ […]

တာ့ခ်မင်နစ္စတန် သမ္မတက ငရဲတံခါးဝမီးတောင်ထိပ်တွင် ကားမောင်းစွမ်းရည်ပြသ

တာ့ခ်မင်နစ္စတန် သမ္မတက ငရဲတံခါးဝမီးတောင်ထိပ်တွင် ကားမောင်းစွမ်းရည်ပြသ Zawgyi ဖြင့်ဖတ်ရန် တာ့ခ်မင်နစ္စတန်သမ္မတ Gurbang uly Berdymukhamedov က Kara kumသဲကန္တာရထဲတွင် အရှိန်မြင့်ကား မောင်းကာ ငရဲတံခါးဝမီးတောင်ထိပ်တွင် ပါ လှည့်လည်မောင်းနှင်ပြခဲ့သည်ဟု သိရ သည်။ အသက် ၆၂ နှစ်အရွယ်သမ္မတသည် ကားမောင်းစွမ်းရည်ပြသရုံတင်လုပ် ဆောင်ခဲ့ခြင်းမဟုတ်ဘဲ ကောလာဟလ မှားများပျောက်ကွယ်သွားစေရန်လည်း ရည်ရွယ်သည်။ ပြီးခဲ့သည့်ဇူလိုင်လမှစ တင်ကာ သမ္မတသည် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့်အတွက် စီးပွား ရေးလုပ်ငန်းရှင်များက သမ္မတသေဆုံး သွားပြီဟု ခန့်မှန်းပြောဆိုခဲ့ကြသည်။ အ စိုးရရုပ်သံလိုင်း Watan Habarlaryပ က သမ္မတ၏ ၃၅ မိနစ်ကြာဗီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့သည်။ ဗီဒီယိုထဲတွင် အ ခြားစွမ်းရည်ပြသမှုပေါင်းများစွာပါဝင်နေ သည့်အတွက် ရုရှားသမ္မတပူတင်၏အက် ရှင်ဇာတ်ကောင်သဏ္ဌာန်လှုပ်ရှားမှုများ နှင့်ပင် နှိုင်းယှဉ်ဖော်ပြခံခဲ့ရသည်။ […]

လားရှိုးလူငယ်လူနာတင်ကား လက်နက်ကြီးထိမှန် ဥက္ကဌဖြစ်သူ သေဆုံး

လားရှိုးလူငယ်လူနာတင်ကား လက်နက်ကြီးထိမှန် ဥက္ကဌဖြစ်သူ သေဆုံး မိုင်းရူကော၊ ရွှေဖီမြေ သြဂုတ် ၁၇ ရက်၊ လားရှိုး မီးလောင်ကျွမ်းမှု ဖြစ်ပွားနေတဲ့ တိမ်ဖြူစက်သုံးဆီဆိုင်ကို လားရှိုးလူငယ် လူနာတင်ကားသွားရင်း လက်နက်ကြီး ပစ်ခတ်နေတာကြောင့် တိမ်ဖြူစက်သုံးဆီအကျော်မှာ လက်နက်ကြီးထိမှန်ပြီး ဥက္ကဌဖြစ်သူ သေဆုံးခဲ့ပါတယ်။ ရှော့တိုက်မိုင်းလို့ ယူဆရတဲ့ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး လူနာတင်ကားနဲ့ ပါလာတဲ့သူတွေ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တိမ်ဖြူစက်သုံးဆီ ဝန်ထမ်းတစ်ဦးက “မနက် ၉ နာရီမှာ အစိမ်းရောင်စစ်ဝတ်စုံဝတ် လူနှစ်ယောက် ဆိုင်ကယ်နဲ့ ရောက်လာပြီးတော့ စက်တွေပိတ်ခိုင်းတာ။ လူမထိလို့ တော်သေးတယ်။ ဆီပိုက်တွေဆွဲပြီး ချတာ။ မီးစက်တွေလည်း မပိတ်ခိုင်းဘူး” လို့ ပြောပါတယ်။ လူနာတင်ကားဟာ လမ်းရဲ့ ဘယ်ဖက်ခြမ်းကို တိမ်းမှောက်ခဲ့ပြီး ညာဖက်ခြမ်းမှာလဲ ပေါက်ကွဲမှုဖြစ်တဲ့ဘေးမှာ ဆိုင်ကယ်တစ်စီးလဲ […]

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင် ဘင်္ဂလားပင်လယ်အော်ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်ေ တာင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ […]

လောက်ကိုင်မြို့နယ်အတွင်း တပ်မတော်ယာဉ်တန်းအား MNDAA အဖွဲ့ တိုက်ခိုက်မှုကြောင့်တပ်မတော်အရာရှိနှင့်စစ်သည် အချို့ ထိခိုက် ကျဆုံး

လောက်ကိုင်မြို့နယ်အတွင်း တပ်မတော်ယာဉ်တန်းအား MNDAA အဖွဲ့ တိုက်ခိုက်မှုကြောင့်တပ်မတော်အရာရှိနှင့်စစ်သည် အချို့ ထိခိုက် ကျဆုံး ရန်ကုန်၊ သြဂုတ် – ၁၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လောက်ကိုင်မြို့မှ လားရှိုးမြို့သို့သွားရောက်သည့် တပ်မတော်ယာဉ်တန်းအား သြဂုတ်လ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် ချင်းရွှေဟော်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့အရောက် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မိမိဘက်မှ အရာရှိ/စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တပ်မတော်အနေဖြင့် တိုင်ရင်းသားပြည်သူလူတုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းအား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ […]

Breaking News တိုက်ပွဲသတင်း 17-8-2019

Breaking News တိုက်ပွဲသတင်း 17-8-2019 မူဆယ်တက်မယ့်ခရီးသည်ကားများ လမ်းခရီးအခြေအနေစုံစမ်းပြီးမှသွားပါ။ 17-8-2019 ( 5:30)am ကွတ်ခိုင်နဲ့နမ့်ဖတ်ကာကြား ရင်ခွဲတောင်အနီးတစ်နေရာ၊ နမ့်ဖတ်ကာ နဲ့ ၁၀၅ မိုင်ကြား နမ့်အွမ်ရွာထိပ်တစ်နေရာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုတွေဖြစ်ပွားနေကြောင်း ယခု နံနက် ၆း၅၀ အချိန်ထိ ပစ်ခတ်လျက်ရှိနေကြောင်းသိရသည်။ ချင်းရွှေဟော်တက်မယ့်ခရီးသည်ကားများလဲ စုံစမ်းပြီးမှသွားကြပါ။ လမ်းခရီး အခြေအနေမကောင်းပါ။ Nay Myo Credit

ရည်းစား ထောင်ကနေလွတ်ဖို့ အမေကို ပြန်သတ်တဲ့ သမီး (ရုပ်သံ)

ရည်းစား ထောင်ကနေလွတ်ဖို့ အမေကို ပြန်သတ်တဲ့ သမီး (ရုပ်သံ) ထောင်ကျနေတဲ့ ရည်းစား လွတ်မြောက်အောင် အာမခံကြေးတင်နိုင်ဖို့အတွက် မိခင်အရင်းကို ကြေးစားလူသတ်သမား နှစ်ယောက်ငှားပြီး သေနတ်နဲ့ပစ်သတ်ခိုင်းတဲ့ သမီးဖြစ်သူကို ရဲအဖွဲ့က ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အသက် ၂၅ နှစ်အရွယ် ‘ကန်ချနာ သီရိစံ’ ဆိုသူ အမျိုးသမီးက အသက်အာမခံကြေးငွေ ရလိုမှုဖြင့် အသက် ၅၅ နှစ်အရွယ် မိခင်ရင်းကို သေနတ်ဖြင့် ပစ်သတ်ပေးရန် ကြေးစားလူသတ်သမား နှစ်ဦးကို ခိုင်းစေခဲ့ပါတယ်။ မိခင်ရဲ့ အသက်အာမခံကြေးငွေနဲ့ ထောင်ထဲရောက်နေတဲ့ ရည်းစားကို အာမခံပေးကာ လွတ်မြောက်အောင် လုပ်ပေးဖို့ ကြံစည်ခဲ့တာပါ။ ဇွန်လ ၂၂ ရက်နေ့က မိခင်ဖြစ်သူဟာ ဆိုင်ကယ်စီးပြီး အိမ်ကိုပြန်လာစဉ် လမ်းမှာ သေနတ်နဲ့ […]

တိုင်းရင်းသားများဟု မှားယွင်းဖော်ပြခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူမယ်

တိုင်းရင်းသားများဟု မှားယွင်းဖော်ပြခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူမယ် နေပြည်တော်၊သြဂုတ်လ(၁၆)ရက်။နိုင်ငံပိုင်းသတင်းစာနဲ့မြန်မာ့ရုပ်မြင်သံကြားတို့ကနေ ဖော်ပြခဲ့တဲ့ `ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၏ မောင်တောဒေသရှိ ပြန်လည်လက်ခံရေး စခန်းများ ကြည့်ရှုစစ်ဆေး`ဆိုတဲ့သတင်းမှာ မှားယွင်းဖော်ပြခဲ့တဲ့ စကားလုံးအချို့နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနနှစ်ခုရှိ တာဝန်ရှိသူတွေကို စစ်ဆေးကာ ဌာနဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့က နိုင်ငံပိုင်သတင်းစာနဲ့မြန်မာ့ရုပ်မြင်သံကြားတို့မှာ `ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၏ မောင်တောဒေသရှိ ပြန်လည်လက်ခံရေး စခန်းများ ကြည့်ရှုစစ်ဆေး`ဆိုတဲ့ သတင်းမှာ `အိုးထိန်းစခန်း တွင် နေရပ်စွန့်ခွာသွားသော တိုင်းရင်းသားများအတွက်` လို့မှားယွင်သုံးနှုန်းကာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အခုလိုမှားယွင်းဖော်ပြခဲ့တဲ့ အတွက် ပြန်ကြာရေးဝန်ကြီးဌာနအနေနဲ့လည်း သည်စကားအသုံးအနှုန်အစား `အိုးထိန်းစခန်း တွင် နေရပ်စွန့်ခွာသူများအတွက် `လို့ ပြင်ဆင်သိမှတ်ပေးနိုင်ဖို့ပြည်သူတွေထံ မေတ္တာရပ်ခံထားပါတယ်။ သမ္မတရုံးအနေနဲ့လည်း သည်ကိစ္စနဲ့ပတ်သက်ပြီး […]

ပုဂံဘုရား ပေါ်တွင် ကိုရီးယားနိုင်ငံသား တစ်ဦး၏ အလောင်းတွေ့ရှိ

ပုဂံဘုရား ပေါ်တွင် ကိုရီးယားနိုင်ငံသား တစ်ဦး၏ အလောင်းတွေ့ရှိ မြန်မာနိုင်ငံတွင်း ပြည်သူများသာမက ပြည်ပကနိုင်ငံခြားခရီးသွားတွေပါ အလေးထားပြီးလာရောက်လည်ပတ်လေ့ရှိတဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပြယုတ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အထီးကျန် စက်ဆုပ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတော့ ပုဂံဘုရားပေါ်မှာဖြစ်သွားခဲ့ပါတယ်။ ကိုရီးယားကမ္ဘာလှည့်ခရီးသွားတစ်ယောက် ပုဂံမြို့သစ်အနီးရှိ ဘုတ်ကျောင်းပေါ်မှာ သေဆုံးနေတာကို တွေ့ခဲ့ပါတယ်။ အဆိုပါခရီးသွားသေဆုံးမှုနဲ့ပတ်သက်ပြီး တိတိကျကျ အကြောင်းအရင်းမသိရသေးပေမယ့် နယ်မြေရဲစခန်းမှာ အမှုဖွင့်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ သေဆုံးသူရဲ့ကျန်းမာရေးကြောင့် သဘာဝအတိုင်းသေဆုံးခဲ့တယ်ဆိုရင် အရေးမကြီးပေမယ့် တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် သေဆုံးခဲ့ရတာဆိုရင်တော့ မြန်မာနိုင်ငံအတွက် နာမည်ပျက်တစ်ခုဖြစ်စေမှာပဲဖြစ်ပါတယ်။ Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ) Source Ref : The Lifestyle Myanmar Unicode Version မြန်မာနိုင်ငံတွင်း ပြည်သူများသာမက ပြည်ပကနိုင်ငံခြားခရီးသွားတွေပါ အလေးထားပြီးလာရောက်လည်ပတ်လေ့ရှိတဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ပြယုတ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အထီးကျန် […]

“ဝ”တယ် ပြောလို့ ရည်းစားကို လမ်းမပေါ်တင် ကတ်ကြေးနဲ့ ထိုးသတ်

“ဝ”တယ် ပြောလို့ ရည်းစားကို လမ်းမပေါ်တင် ကတ်ကြေးနဲ့ ထိုးသတ် အမျိုးသမီးထုကြီးအတွက် စိတ်အနာဆုံး စကားကတော့ သူတို့ကို “ဝ”တယ်လို့ တစ်ယောက်ယောက်က ပြောလိုက်တာပါပဲ။ အပြုသဘောနဲ့ဖြစ်စေ၊ စေတနာနဲ့ဖြစ်စေ “ဝ”တယ် ဆိုတဲ့ စကားလုံးကို သူတို့လုံးဝ ခံနိုင်စွမ်းမရှိပါဘူး။ ကမ္ဘာပေါ်မှာ သူတို့မကြားချင်ဆုံး စကားတစ်ခွန်းလဲဖြစ်ပါတယ်။ မကြာသေးမီက “ဝ”တယ် လို့ ပြောမိတဲ့ ချစ်သူရည်စား ကောင်လေးကို မိန်းကလေးက လမ်းမအလယ်မှာ ကတ်ကြေးနဲ့ မသေမချင် ထိုးသတ်ခဲ့မှု သြဂုတ်လ ၁၄ ရက်နေ့က ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးစလုံးဟာ အသက် ၂၀ ဝန်းကျင်လေးတွေဖြစ်ပြီး ချစ်သူရည်းစားဖြစ်ကြတာ တစ်လပင်မပြည့်သေးပါဘူး၊ အဲဒီနေ့က နှစ်ယောက်သား ချိန်းတွေ့ပြီး လျှောက်လည်နေကြစဉ် ရာသီဥတုပူလာတဲ့အတွက် မိန်းကလေးက ရေခဲမုန့်စားချင်တယ်လို့ ပူဆာခဲ့ရာ […]