ကမ္ဘာ့အကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိသော ပင်လယ်လိပ် ကျောက်ဖြစ်ရုပ်ကြွင်းကို ဇေကမ္ဘာပြတိုက်အတွင်း ပြသထား

ကမ္ဘာ့အကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိသော ပင်လယ်လိပ် ကျောက်ဖြစ်ရုပ်ကြွင်းကို ဇေကမ္ဘာပြတိုက်အတွင်း ပြသထား မကွေးတိုင်းဒေသကြီး ပခုက္ကူဒေသမှရှာဖွေတွေ့ရှိခဲ့သည့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်ဖွယ်ရှိနေသော ပင်လယ်လိပ်ကျောက်ဖြစ်ရုပ်ကြွင်းကို ဩဂုတ်လဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာပြတိုက်သို့သယ်ယူလာကာ ပြသ ထားကြောင်း သိရသည်။ အဆိုပါ ပင်လယ်လိပ်ကျောက်ဖြစ်ရုပ်ကြွင်းမှာ နှစ်ပေါင်း ၇ သန်းခန့် သက်တမ်းရှိမည်ဟုခန့်မှန်းထားပြီး အလျား ၉ပေ ၁၁ လက်မ၊ အနံ ၆ပေ ၄ လက်မ၊ အလေးချိန် ၅ ဒသမ ၅ မက်ထရစ်တန်ရှိကြောင်း၊လက်ရှိတွင် ဂင်းနက်စ်စံချိန် အရအိန္ဒိယနိုင်ငံပြတိုက်ရှိကမ္ဘာ့အကြီးဆုံးလိပ်ကျောက်ဖြစ်ရုပ်ကြွင်းမှာအရှည် ၇ပေ ၈ လက်မ၊ အလေးချိန် ၃ ဒသမ ၈ တန်ရှိသောကြောင့် ယခုဇေကမ္ဘာပြတိုက်၌ပြသထား သောလိပ်ကျောက်ဖြစ်ရုပ်ကြွင်းမှာကမ္ဘာ့အကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိနေသည့်အတွက် ယခုအခါ ဂင်းနက်စ်စံချိန်တင်နိုင်ရန် ပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုရရှိထားသည့် ပင်လယ်လိပ်ကျောက်ဖြစ်ရုပ်ကြွင်းကို […]

အချစ်ဆုံး BFF တွေ ဖြစ်ပေမယ့် ပိုချော၊ပိုလှပြီး ဘဲကြည်နေတဲ့ သူငယ်ချင်းကို မနာလိုဖြစ်ပြီး တစ်စဆီ လှီးခုတ် သတ်ဖြတ်ခဲ့တဲ့ ကောင်မလေး၂ ဦး

အချစ်ဆုံး BFF တွေ ဖြစ်ပေမယ့် ပိုချော၊ပိုလှပြီး ဘဲကြည်နေတဲ့ သူငယ်ချင်းကို မနာလိုဖြစ်ပြီး တစ်စဆီ လှီးခုတ် သတ်ဖြတ်ခဲ့တဲ့ ကောင်မလေး၂ ဦး အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ လောကဓမ္မတာအရ ရုပ်ရည်ရူပါကာ အလှအပဆိုတာ မိန်းကလေးတွေအတွက် ဂုဏ်ယူမက်မောစရာ ဖြစ်ပေမယ့် ဒီရုပ်ရည်အလှအပကြောင့် ဒုက္ခလည်း ရောက်၊ စိတ်ညစ်ရတာမျိုးလည်း ရှိပါတယ်။ အလှအပကြောင့် ဂုဏ်တက်ရတာ ရှိသလို၊ အလှအပဂုဏ် မောက်ပြီး ဘဝပျောက်ရတာတွေလည်း ရှိပါတယ်။ဒီလိုပဲ အလှအပကြောင့် ထင်ပေါ်ကျော်ကြား လူသိများကြရသလို အလှအပမက်လို့ ဘဝပျက်ရတာတွေလည်း ဒုနဲ့ဒေးပါ။ ရုပ်ဆိုးလို့ စိတ်ညစ်နေရသူတွေ ရှိသလို၊ ရုပ်ချောလို့ ဒုက္ခရောက်နေကြရသူတွေလည်း ရှိတယ်ဆိုတာကိုတော့ ရုပ်ချောဖူးသူ၊ ရုပ်ချောနေသူတွေမှ သိနိုင်တာမျိုးပါနော်။ ဒါ့ကြောင့် ကိုယ့်ကံအကျိုးပေး ရုပ်ရည်အဆင်းရူပကာက မလှပလို့ အားငယ်စရာ မလိုသလို၊ ရုပ်ရည်ချောမော […]

ကိုရီးယားနိုင်ငံမှာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ဟန်တီ

ကိုရီးယားနိုင်ငံမှာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီဖြစ်တဲ့ ဟန်တီ ဟန်တီကတော့ ကိုရီးယားနိုင်ငံမှာ ကြော်ငြာရိုက်ကူးနေရပြီလို့ မိခင်ဖြစ်တဲ့ ဒေါ်တင်တင်အောင်ကပြောပါတယ်။ ဟန်တီ့ကို ကိုရီးယားရုပ်သံလိုင်း တော်တော်များများက လာရောက်ကမ်းလှမ်းထားတာတွေရှိတယ်လို့ သိရပါတယ်။ ပရိသတ်အချစ်တော် အလှမယ်လေး ဟန်တီကတော့ တောင်ကိုရီးယားနိုင်ငံမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ စတင်နေပြီလို့ သိရပါတယ်။ အခုလည်း ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်းအတွက် ကြော်ငြာသွားရိုက်နေပြီလို့ မိခင်ဖြစ်သူ ဒေါ်တင်တင်အောင်က Duwun Media ကို ပြောပြလာပါတယ်။ ‘’ ကြော်ငြာရိုက်မှာကတော့ ဟန်တီတစ်ယောက်တည်းပါပဲ။ အလှကုန်ဆိုတော့ Vloge လေးပဲ။ Instagram အတွက်ဆိုတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ ကိုရီးယားအလှကုန်တစ်ခုပေါ့။ အခုရိုက်နေပြီ ကြော်ငြာသဘောမျိုးပါပဲ။ ကိုရီးယားပြည်တွင်းဖြစ်ပေါ့နော်။ အဲဒီအမျိုးသမီးက ဟန်တီ့ကို တွေ့ပြီးသဘောကျပြီးတော့ ကမ်းလှမ်းလာတာပါ။ ဒါ သူ့ရဲ့ ပထမဆုံးလို့ပြောလို့ရတာပေါ့နော်’’ လို့ ဆိုပါတယ်။ ဟန်တီဟာ […]

အာဖရိကန်ဝက်အပြင်းဖျားရောဂါကြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေပြီဖြစ်ကြောင်း မွေးမြူရေးဌာနက ထုတ်ပြန်

အာဖရိကန်ဝက်အပြင်းဖျားရောဂါကြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေပြီဖြစ်ကြောင်း မွေးမြူရေးဌာနက ထုတ်ပြန် မြန်မာနိုင်ငံအတွင်းမှာ ပထမဆုံးအနေနဲ့ အာဖရိကန်ဝက်အပြင်းဖျားရောဂါဖြစ်ပေါ်နေတယ်ဆိုတာကို မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၄ရက်နေ့ ၂၀၁၉) မှာ အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီရောဂါဟာ ယခင်နှစ်တွေက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတော်တော်များများနဲ့ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့ဖူးပေမယ့် မြန်မာနိုင်ငံကိုကူးစက်ပျံ့ပွားနေပြီလို့ အတည်ပြုလိုက်တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ သြဂုတ်လအစပိုင်းမှာ ရှမ်းပြည်နယ် မိုင်းလားမြို့နယ်ထဲမှာရှိတဲ့ ဝမ်နွယ်ကျေးရွာက ဝက် ၁၄ကောင်ရဲ့ သံသယဖြစ်ဖွယ်သေဆုံးမှုကနေတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေက စုံစမ်းစစ်ဆေးရာကနေ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဒီအာဖရိကဝက်အပြင်းဖျားရောဂါ လို့မြန်မာလိုခေါ်တဲ့ African Swine Fever ဟာ ပထမဆုံးအနေနဲ့ ကန်ညာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၂၁ခုနှစ်တုန်းက အကြီးအကျယ်ကူးစက်ပျံ့ပွားခဲ့ဖူးပြီး အဓိကအားဖြင့် မွှားနဲ့ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားတယ်လို့သိရပါတယ်။ ရောဂါဖြစ်ပွားရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ သွေးယိုစီးမှုတွေဖြစ်ပွားနိုင်ပြီး […]

အပ်ငွေ သိန်း နှစ်ထောင်ကျော်အား အလွဲသုံးစားလုပ်ခဲ့သည့် ဧရာဝတီဘဏ်စာရေးမကို ဖမ်းဆီးရမိ

အပ်ငွေ သိန်း နှစ်ထောင်ကျော်အား အလွဲသုံးစားလုပ်ခဲ့သည့် ဧရာဝတီဘဏ်စာရေးမကို ဖမ်းဆီးရမိ ဧရာဝတီဘဏ်အငယ်တန်းစာရေးမကဘဏ်အပ်ငွေသိန်း(၂၁၀၀)ကိုသူရည်းစားဖြစ်သူရဲ့ငွေစာရင်းထဲ လွဲပြောင်းပေးမူ ဖြစ်ပွားချင်းကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အုပ်ချုပ်မူတပ်ခွဲ့မှ ဌာနစုမှူး ရဲအုပ် အောင်ကိုသန့် ကြီးကြပ်မူဖြင့် ဒုရဲအုပ် ထွန်းကိုကိုနှင်အဖွဲ့မှခက်ခက်ခဲခဲ စွမ်းစွမ်းတမံဖမ်းစီးရမိခြင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၁၀၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)တာဝန်ခံ မအိသူမြင့်(၂၉)နှစ် သည် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်း စာရေး မနှင်းဦးဝေ(၂၆)နှစ်မှ ဒေါ်ကြင်မြင့်(၅၅)နှစ်ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်အား သုံးစွဲ၍ ငွေကျပ် ၂,၁၀၀ သိန်းအား၎င်း၏ ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်၏ ငွေစာရင်းသို့လွှဲပြောင်းပေးခဲ့ရာ ဖြိုးဝေစိုးက ငွေကျပ် ၂,၁၀၀ သိန်းအနက်မှ ငွေကျပ် ၁,၇၀၀ သိန်းအား လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွားခဲ့ကြောင်း တွေ့ရှိရသဖြင့် မနှင်းဦးဝေနှင့် […]

ဂုတ်တွင်းရဲကင်းစခန်းအနီးတွင်ကျဆုံးသွားသော စစ်သည်များ၏ရုပ်ကလပ်များ မိခင်တပ်ရင်းသို့ပြန်လည်သယ်ဆောင်

ဂုတ်တွင်းရဲကင်းစခန်းအနီးတွင်ကျဆုံးသွားသော စစ်သည်များ၏ရုပ်ကလပ်များ မိခင်တပ်ရင်းသို့ပြန်လည်သယ်ဆောင် ။ ============================ ၂၀၁၉ သြဂုတ်လ ၁၆ ရက် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်တွင်းရဲကင်းစခန်း တွင် လုံခြုံရေးတာဝန်များဆောင်ရွက်နေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ရတခလရ (၂၅၃) တပ်မှ လုံခြုံရေးတပ်ဖွဲ့တို့အား သြဂုတ်လ ၁၅ ရက်နေ့ဝ၅:၃၀ ချိန်ခန့်တွင် TNLA , AA , MNDAA , SSPA လက်နက်ကိုင်အဖွဲ့တို့မှ ပူးပေါင်းအင်အား အလုံးအရင်းဖြင့်ဝင်ရောက်စီးနင်းပစ်ခတ်တိုက်ခိုက်ခဲစဉ် ကျဆုံးသွားခဲ့ကြသောရုပ်ကလပ်များအား ယနေ့မနက် ၀၉:၃၀ ချိန်တွင် နောင်ချိုမြို့လူမှုကူညီရေးအသင်းအဖွဲ့များမှသယ်ဆောင်သွားခဲ့ကြောင်းသိရ ။ ကျဆုံးသွားကြသော စစ်သည်များမှာ အမှတ် (၁၀၁) တပ်မှဌာနချုပ်လက်အောက်ခံ အမှတ် (၂၅၃) ခြေလျှင်တပ်ရင်းမှအရာရှိ (၁) ဦးအခြားအဆင့် (၆) ဦးတို့ဖြစ်ပြီး ၎င်းတို့မှာ – (၁) ဗကကျော်ရဲဝင်း […]

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှုတွင် တပ်မတော်သား ၉ ဦး၊ ရဲ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး အရပ်သား ၂ ဦးသေဆုံးကြောင်း တပ်မတော် သတင်းထုတ်ပြန်

ပြင်ဦးလွင်၊ နောင်ချို တိုက်ခိုက်ခံရမှုတွင် တပ်မတော်သား ၉ ဦး၊ ရဲ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး အရပ်သား ၂ ဦးသေဆုံးကြောင်း တပ်မတော် သတင်းထုတ်ပြန် သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်း ပြင်ဦးလွင်နှင့် ရှမ်းပြည် နောင်ချိုရှိ နေရာ ၅နေရာအား TNLA, AA, MNDAA တပ်ဖွဲ့ များက အလစ်အငိုက် ဝင်ရောက်တိုက်မှုတွင် တပ်မတော်သား ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး အရပ်သား ၂ ဦးသေဆုံးကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်သည်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးဖွဲ့ ထုတ်ပြန်ချက်ထဲတွင် ပြင်ဦးလွင်မြို့ ရှိ တပ်မတော် နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရမှုတွင် တပ်မတော်သား ၁ […]

ဂုတ်တွင်းတံတားအား ဖြတ်သန်းသွားလာ၍ မရသောကြောင့် ယာဉ်လိုင်း ၁၅ လိုင်း ရပ်နားထားရ

ဂုတ်တွင်းတံတားအား ဖြတ်သန်းသွားလာ၍ မရသောကြောင့် ယာဉ်လိုင်း ၁၅ လိုင်း ရပ်နားထားရ 16.8.2019 ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ ကျောက်မဲမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များသို့ ထွက်ခွာမည့် မန်းရွှေပြည်ယာဉ်လိုင်းပါ ၁၅ လိုင်းသည် သောင်းကျန်းသူပူးပေါင်းအဖွဲ့မှ ဂုတ်တွင်းတံတားအား မိုင်းထောင်ဖောက်ခွဲခဲ့သည့်အတွက် ဖြတ်သန်းသွားလာ၍မရသဖြင့် ယာဉ်လိုင်းများ ရပ်နားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ #goattwin

တစ်ချိန်က ကမ္ဘာ့ဖလားမှာတောင် ပါဝင်ခဲ့ပေမယ့် ယခု ပျောက်ကွယ်သွားပြီဖြစ်တဲ့ နိုင်ငံ(၇)ခု

တစ်ချိန်က ကမ္ဘာ့ဖလားမှာတောင် ပါဝင်ခဲ့ပေမယ့် ယခု ပျောက်ကွယ်သွားပြီဖြစ်တဲ့ နိုင်ငံ(၇)ခု ၁၉၃၀ ပြည့်နှစ်ကစတင်ကျင်းပခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားအပါအဝင် (၂၁)ကြိမ် တိုင်ခဲ့ပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲ (၂၁)ကြိမ်မှာ နိုင်ငံပေါင်း (၇၉)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ထားနိုင်တယ်လို့လည်း စာရင်း အချက်အလက်တွေအရ သိရပါတယ်။ ဒီ (၇၉)နိုင်ငံထဲမှာမှ ပြိုင်ပွဲမှ ပြန်လည်အသုံးပြုလို့မရတဲ့ နိုင်ငံအမည်ကို အသုံး ပြုခဲ့တဲ့ အသင်း (၇)သင်းရှိပါတယ်တဲ့။ ဘယ်အသင်းတွေလဲ… ဘာကြောင့် အရင်အမည်ကို အသုံးပြုလို့ မရတော့တာ လဲ ဆိုတော့…… (၁) ချက်ကိုဆလိုဗက်ကီးယား ၁၉၂၀ ကနေ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့တဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံဟာ အခုတော့ ချက် နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေ အဖြစ် ခွဲထွက်လိုက်ကြပြီဖြစ်ပါတယ်။ ၁၉၃၈ နဲ့ […]

ဧရာဝတီဘဏ်အငယ်တန်းစာရေးမကဘဏ်အပ်ငွေသိန်း(၂၁၀၀)ကို သူရည်းစားဖြစ်သူရဲ့ငွေစာရင်းထဲလွဲပြောင်းပေးမူဖြစ်ပွား

ဧရာဝတီဘဏ်အငယ်တန်းစာရေးမကဘဏ်အပ်ငွေသိန်း(၂၁၀၀)ကို သူရည်းစားဖြစ်သူရဲ့ငွေစာရင်းထဲလွဲပြောင်းပေးမူဖြစ်ပွား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၁၀၃၀ အချိန် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်ရှိ ဧရာဝတီ ဘဏ်ခွဲ(၄၅)တာဝန်ခံ မအိသူမြင့်(၂၉)နှစ် သည် ဘဏ်လုပ်ငန်းဆောင်ရွက်နေစဉ် ၎င်းဘဏ်မှ အငယ်တန်း စာရေး မနှင်းဦးဝေ(၂၆)နှစ်မှ ဒေါ်ကြင်မြင့်(၅၅)နှစ် ပိုင်ဆိုင်သည့် ငွေစာရင်းအမှတ်အား သုံးစွဲ၍ ငွေကျပ် ၂,၁၀၀ သိန်းအား ၎င်း၏ ရည်းစားဖြစ်သူ ဖြိုးဝေစိုး(၂၅)နှစ်၏ ငွေစာရင်းသို့လွှဲပြောင်းပေးခဲ့ရာ ဖြိုးဝေစိုးက ငွေကျပ် ၂,၁၀၀ သိန်းအနက်မှ ငွေကျပ် ၁,၇၀၀ သိန်းအား လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ(၂)မှ ထုတ်ယူသွားခဲ့ကြောင်း တွေ့ရှိရသဖြင့် မနှင်းဦးဝေနှင့် ဖြိုးဝေစိုးတို့အား ဘုရင့်နောင်နယ်မြေ ရဲစခန်း(ပ)၁၂၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈/၁၁၄(စာရေးမှ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ သတင်းရရချင်း […]